page_20

438 62 8
                                    

Unicode

"ထယ်​ယောင်း ကိုယ်လက်လေးဝန်ကြီးနဲ့အဲ့တာတွေမလုပ်ပဲ ချထားစမ်းပါ"

အကို့ရဲ့စိတ်မရှည်သံအဆုံး ထယ်ယောင်းလှန်းတော့မည့်အဝတ်ကိုချပြီး အကို့ဘက်ကိုလှမ်းပြုံးပြကာ

"ရပါတယ် အကိုရဲ့။ ဒါကအဲ့လောက်ကြီးထိမလေးပါဘူး။"

"ဒါပေမဲ့ ကိုယ်ကတော့မရဘူးလေ။ ထယ့်ဗိုက်ထဲမှာကိုယ့်ခလေးလေးရှိနေတယ်။ကိုယ်ဝန်က အခုထိနုတုန်း။ထယ်မေ့နေသလား??။"

ထယ်ယောင်း တစ်ယောက်အကို့စကားတွေကြောင့်ရင်ထဲမကောင်းတာနဲ့ထပ်ပြီးမပြုံးပြနိုင်တော့ပါ။ ဘာမှမရှိတော့တဲ့သူ့ဗိုက်လေးကိုကိုင်ပြီးအကိုက တစ်ယုတစ်ယနဲ့ပြောလေတော့ငိုချင်တာပဲသိတော့တယ်။သူ တကယ်ပဲရင်ထဲလည်းမကောင်းသလို၊စိတ်ထဲလည်းမကောင်းမိပြန်ပါ။အကို့ရဲ့စိတ်ကူး၊အိမ်မက်တွေကို သူရိုက်ချိုးမိလေသလား??။အကို့ကိုသူဘယ်လိုမျိုးနဲ့မျက်နှာချင်းဆိုင်ပြီးဆက်လိမ်ရပါ့။

"လာပါထယ်ရယ် အိမ်ထဲဝင်ကြရအောင်။ဒါတွေ ကိုယ်လုပ်လိုက်ပါ့မယ်။"

"ဟို...."

"အင်း။ ပြောလေ ထယ်။ ကိုယ်ဘာလုပ်ပေးရမလဲ??။ "

အဖြစ်မှန်တွေအားလုံးပြောပြလိုက်ဖို့ အကို့လက်ကိုဆွဲထားမိပေမဲ့ နူးညံ့တဲ့အကို့ရဲ့အကြည့်တွေကြောင့်သူဘာမှဆက်မပြောမိပဲကြောင်အနေမိတယ်။အကိုသာ အရာအားလုံးသိသွားရင်သူ့ကိုအခုလိုမျိုးလည်းဂရုစိုက်တော့မှာမဟုတ်သလို၊သူ့ကိုလည်းကြင်နာတော့မှာမဟုတ်။အမုန်းကြီးမုန်းပြီးသတ်ပစ်ချင်လောက်အောင်ကိုပင်ဖြစ်မှာ။ဟိုနေ့ ဂျောင်ကုသူ့ကိုအဖြစ်မှန်တွေအားလုံးပြောပြပြီး​နောက် ထယ်ယောင်း,ယွန်းဂီအပေါ်အရမ်းလည်းအားနာမိတယ်။သနားလည်းသနားမိသလို နောင်တလည်းရမိတယ်။ဒါတွေကိုသူမသိဘဲ ဒီကောင်လေးကိုမုန်းတောင်မုန်းခဲ့သေးမိတာက တော်တော့်ကိုအပြစ်တွေပိုပြီးလုပ်မိသလိုပင်။

"ဘာလို့ ငိုနေတာလဲ ထယ်??။ ဘာများဖြစ်လို့လဲ ကိုယ် ထယ့်ကိုအော်လိုက်မိလို့လား??"

အကို့ရဲ့လက်တွေက ပါးပေါ်မှမျက်ရည်တွေကိုဖယ်ရှားပေးတဲ့အခါထယ်ပိုပြီးတော့ရင်ထဲမကောင်းလာပါ။ သူ့ကြောင့်အကိုတို့အိမ်ထောင်ရေးကွဲရသလို၊သူ့ကြောင့်ပဲအရာရာအားလုံးပျက်စီးခဲ့တယ်။ဂျောင်ကုပြောသလို ကိုယ်ချစ်တဲ့သူကိုယ်ရနေပေမဲ့သူပျော်မှမပျော်တာ။ကိုယ်က မဟုတ်တာလုပ်ခဲ့တဲ့သူမို့ အတွေးလေး၊တိုက်ဆိုင်မှုလေးတစ်ခုကအစဝမ်းနည်းမိစေတယ်။

[ ဒုတိယမြောက်ခင်ပွန်း ]#complected#Where stories live. Discover now