page _23

409 61 24
                                    

Unicode

ယွန်းဂီတစ်ယောက် သူ့နောက်ကနေတောက်လျှောက်လိုက်နေတဲ့အကိုဂျောင်ကုထည့်ပေးလိုက်တဲ့လူတွေကြောင့် စိတ်ကျဉ်းကျပ်လာတာနဲ့ထွက်ပြေးချင်စိတ်ဖြစ်လာရသည်။အကိုက သူပြောသလိုသင်တန်းတစ်ခုတော့တက်ခွင့်ပေးပါရဲဲ့။ဒါပေမဲ့အကျယ်ချုပ်ခံထားရတဲ့ လူတစ်ယောက်လိုသာတက်ခွင့်ပေးသည်။အနည်းဆုံး အကိုထည့်ပေးလိုက်တဲ့သူတွေမှာ သုံးယောက်ရှိသည်။ထိုသူတွေမှာ အတန်းထဲထိပါလာရောက်ဝင်ထိုင်ပြီးအခြားသော သင်တန်းသူ၊သင်တန်းသားတွေကိုပါစောင့်ကြည့်နေသောမျက်လုံးတွေနဲ့ပင်။

ကြာသော သူလည်းရှက်လာရသည်။ပထမကကျောင်းမှာ။အခုက သင်တန်းအထိ။ပန်းချီသင်တန်းလေးတက်ချင်တယ်ဆိုလို့ထားပေးတဲ့ သင်တန်းကတော့တကယ့်ကိုရှယ်ကျပါတယ်။ဒါပေမဲ့ သူကတော့ဘေးကျပ်နံကျပ်နဲ့စောင့်ကြည့်ခံထားရစမြဲပင်။အခုလည်း အပြန်ကားမစီးချင်လို့၊လမ်းလေးခနလောက်ဆင်းလျှောက်ပါမည်ဆိုမှနောက်ကနေ မသိမသာလိုက်လာတဲ့သူတို့ကြောင့်ယွန်းဂီ အင်မတန်မှစိတ်ညစ်မိပါသည်။

"ကျွန်တော် ကော်ဖီဝင်သောက်လိုက်အုံးမယ်။ခဗျားတို့ အပြင်မှာစောင့်နေ။"

"ဟုတ်ကဲ့ အကိုလေး" 3

ဆိုင်ထဲထိမလိုက်တာပင်ကျေးဇူးတင်ရလေမလား??။ သူအသက်ရှူနည်းနည်းတော့ချောင်သွားတာကိုတော့ဝန်ခံရမယ်။ဒါ့ကြောင့် သူလည်းဆိုင်ထဲသို့ဝင်လာလိုက်ပြီး ကိတ်တစ်ခုနဲ့၊bubble taeတစ်ခွက်ကိုမှာလိုက်ကာထောင့်ကျသောဝိုင်းလေးတစ်ခုမှာဝင်ထိုင်မိသည်။

"ဟူး~"

အပြင်ဘက်မှာ ကျောပေးကာရပ်စောင့်နေကြတဲ့အကို့ရဲ့တပည့်တွေကိုမြင်တော့သူသက်ပျင်းလေးချမိပါရဲ့။အခုသူ့အဖြစ်ကဘာတွေဘယ်လိုမှန်းကိုမသိတာပါ။အကိုဘာကြောင့် အခုလိုတွေလုပ်နေရတာလဲ??။အပြင်ထွက်ရင်စိတ်တွေအကုန်ပေါ့ပါးသွားမယ်ထင်ခဲ့တာ။အခုတော့ပိုလို့တောင်ဆိုးနေသေးတယ်။နိုင်ငံ့အကြီးအကဲလဲမဟုတ်ဘဲ သက်တော်စောင့်တွေထားပေးတာကလေတကယ့်ကိုရှက်ဖို့ကောင်းတာအကိုသိဖို့ကောင်းတယ်။အရမ်းကိုလဲ ချုပ်ခြယ်သလို၊အရမ်းကိုလဲအနိုင်ယူတယ်။အိမ်မှာလည်းအိမ်မှာမဟုတ်လို့၊ အပြင်မှာလည်းအပြင်မှာမဟုတ်လို့။အကို သိပ်ပြီးသူ့အပေါ်လွန်နေပေပြီ။

[ ဒုတိယမြောက်ခင်ပွန်း ]#complected#Tahanan ng mga kuwento. Tumuklas ngayon