page_17

511 68 16
                                    

Unicode

"ထယ်....ဆေးရုံကအပြန်ဝင်ခေါ်မယ်နော်"

"ဟုတ်.....အကို"

ဒီနေ့နဲ့ဆိုဆေးရုံပြတာ တစ်လပင်ရှိနေပြီ။အကိုကလည်းသူနဲ့အတူရက်ချိန်းတိုင်းလိုက်ပေးသလို သူ့ကိုလည်းစိတ်ချမ်းသာအောင်ထားသည်။အခုတောင် အရေးကြီးအစည်းဝေးကရက်ချိန်းနဲ့တိုက်နေတာကြောင့် ဖျက်မယ်ပြောလို့ထယ်ယောင်းမှာ မနည်းတားကာတစ်ယောက်ထဲလည်းဆေးရုံမှာအဆင်ပြေပါတယ်ဆိုပြီးပြောယူထားရသည်။

ဒါတောင် အကိုကသူ့ကိုစိတ်မချလို့အလုပ်ကိစ္စအပြီး ဆေးရုံအပြန်လာခေါ်မယ်တဲ့လေ။အကိုက အခုဆိုသူ့ကိုသေးသေးမွှားမွှားလေးကအစလိုက်ပြီးဂရုစိုက်သလို ပျော်အောင်လည်းထားတယ်။ယွန်းဂီကိုလိုက်ရှာနေသေးပေမဲ့လည်း သူ့ရှေ့ရောက်ရင်တော့အကိုက သူ့ကိုသာလျှင်ဂရုစိုက်ပေးတယ်။

ထယ်ယောင်းတို့ဘယ်လောက်တောင်ကံကောင်းလိုက်လေသလဲ??။အကိုက သူ့ကိုသဘောကျလာပြီလို့တောင်ထင်မိတယ်။မနက်ဆိုရင် သူစားဖို့ကအစbreakfastကိုအကိုကသာပြင်ပေးတဲ့အပြင်နေ့လည်စာကိုလည်းကိုယ်တိုင်မချက်ရလေအောင် အိမ်မှာအိမ်အကူတွေအများကြီးခေါ်ထားသေးတယ်။ဒါ့အပြင် ရုံးကပြန်လာရင်သူကြိုက်တဲ့စတော်ဘယ်ရီလေးတွေအများကြီးဝယ်လာပေးတတ်သေးတာ။

"ထယ် ကိုယ်သွားပြီနော်။ဆရာဝန်ဘာပြောလဲဆိုတာ သေချာမှတ်ထားပြီးကိုယ့်ကိုအကုန်ပြန်ပြောပြရမယ်နော်"

"ဟုတ်ကဲ့ပါအကိုရဲ့ ထယ်မှတ်ထားပါ့မယ်"

"အဲ့တာဆို ကိုယ်သွားတော့မယ်။ ပြန်ခါနီးကျရင်တစ်ချက်ဖုန်းလှမ်းဆက်ပေး ကြားလား??"

"ဟုတ်!"

အကိုမှာတာတွေကိုသေချာနားထောင်ပြီးထယ်ယောင်းလည်း ကားပေါ်မှဆင်းကာဆေးရုံထဲသို့တန်းဝင်လာမိသည်။ကောင်တာမှာစာရင်းပေးပြီးနောက် အကိုထည့်ပေးထားသောကွတ်ကီးလေးကိုတစ်မြုံ့မြုံ့နဲ့စားကာဆရာမအခေါ်ကိုစောင့်နေမိသည်။ဘာလိုလိုနဲ့ သူ့ဗိုက်လေးတောင်တစ်လရှိသွားပြီမို့ထယ်ယောင်းပျော်​နေမိသည်။နောင်သုံးလနေရင် အကောင်အထည်ပေါ်လာပြီးယောကျာ်းလေးလား မိန်းကလေးလားဆိုတာသိရတော့မည်။

[ ဒုတိယမြောက်ခင်ပွန်း ]#complected#حيث تعيش القصص. اكتشف الآن