page-5

522 69 14
                                    

Unicode

"ဦးတို့စကားပြောကြရအောင် သဲငယ်။"

"ဘာလဲ ဆူဦးမလို့လား??"

"ကလေးမဆန်စမ်းနဲ့ သဲငယ်ရာ"

"ဒါက ကလေးဆန်တာလားဦး။ သူစိမ်းယောကျာ်းတစ်ယောက်ရှေ့မှာဖွတ်ဖွတ်ညက်ညက်ကျေအောင်အပြောခံလိုက်ရတဲ့အတွက် အခုလိုမျိုးလုပ်တာ ကလေးဆန်တယ်တဲ့လား! "

ငယ်က တစ်ခွန်းမကျန်ပင်လူကိုပြန်ပတ်ကာပြောနေသောကြောင့် တဖြည်းဖြည်းနဲ့ ရန်စကားတွေ ကြီးသာဖြစ်လို့လာသည်။လူကနည်းနည်းတင်းလာရပေမဲ့ အခုချိန်မှာ ကိုယ်ကလည်း လွန်ခဲ့တာတွေရှိတော့ အင်း။လျှော့ပေါ့။

"ဦး ဂျောင်ကုလေးအကြောင်းသဲငယ်ကိုပြောပြထားသားပဲဲ။ဒီကလေးလေးက စိတ်ဒဏ်ရာတွေနဲ့ဆိုတာ။"

"သူဘယ်လောက်ထိစိတ်ဒဏ်ရာဖြစ်ဖြစ် ကျွန်တော့်ကိုကောအခုလိုမျိုးလုပ်စရာလိုလို့လား??။နောက်ပြီးဦးကကောဖြေရှင်းချက်တိုင်းစီကိုမေးခဲ့ရဲ့လား??။ဘယ်သူမှားတယ်၊မှန်တယ်ဆိုတာကိုကော ဦးသိရဲ့လား??။ဦးက သူပြောတာသာအမှန်! ငယ်ပြောတာကျတော့အမှား! "

"ငယ်ရယ် ဂျောင်ကုလေးကငယ့်ထက်ကြီးတယ်လေ။ "

"ဟက်! ကြီးတယ်ဆိုရင်ပိုပြီးရင့်ကျက်သင့်တယ်မထင်ဘူးလား??"

"ငယ်က ဦးစကားတိုင်းကိုအတိုက်အခံလုပ်နေတာပဲ! "

"ဦးလည်း သူ့ရှေ့မှာငယ့်ကိုအော်ခဲ့တာပဲလေ! "

"တော်တော့ မင်ယွန်းဂီ! မင်းငါ့စိတ်ကိုဒေါသထွက်အောင်လုပ်နေတာပဲ! "

ယွန်းဂီမှာ ဦးခေါ်တဲ့အသုံးနှုန်းတွေကြောင့်ဒေါသလည်းဖြစ်လာရသလို၊ဝမ်းလည်းနည်းလာရသည်။ သူ့ကိုချော့မယ်လို့ထင်ထားခဲ့တာ။အခုလိုမျိုးတစ်ယောက်တစ်ခွန်းအော်ပြီး ရန်ဖြစ်ဖို့မှမဟုတ်တာ။ကိုယ်ကပြောတယ်ဆိုတာကိုယ့်ကိုအလျှော့ပေးပြီးအချော့ခံချင်လို့။ဒီလူကြီးတကယ်ပဲ မသိတာလား??။မသိချင်ယောင်ဆောင်နေတာလား??။သူနဲ့အနီးကပ်နေပြီးအခုထိသူ့အကြောင်းကိုမသိသေးတာက ဟုတ်မှမဟုတ်သေးတာ။

"ဒီနေ့တော့ ဒီလောက်နဲ့ပဲရပ်လိုက်ကြတာပေါ့"

ဦးက သူ့ကိုတောင်တစ်ချက်မကြည့်ဘဲအပြောလေးနဲ့တင်ရေချိုးခန်းထဲသို့ဝင်သွားလေတော့သည်။အပြင်မှာကျန်ခဲ့တဲ့သူကတော့ ငိုပဲငိုရမလား?? ဒေါသပဲဖြစ်ရမလားမသိတော့။ဦးက သူ့အပေါ်သွေးအေးလိုက်တာ။သူငိုတော့မှာတောင်သိရဲ့သားနဲ့အပြောအဆိုတောင်မသက်ညှာပေးဘူး။ကိုယ့်ထက်ကြီးတဲ့သူကို ယူထားရတဲ့သူ့အနေနဲ့ကလေးဆိုးလေးလည်းဆိုးကြည့်ချင်တာပေါ့။

[ ဒုတိယမြောက်ခင်ပွန်း ]#complected#Όπου ζουν οι ιστορίες. Ανακάλυψε τώρα