page_14

485 73 40
                                    

Unicode

ဦးနဲ့စကားမပြောဖြစ်တာဒီနေ့နဲ့ဆိုရင်ပင်တစ်လကျော်ကြာမြင့်သွားလေပြီ။ဦးဘက်ကလည်းစကားတစ်ခွန်းမှမဟသလို၊ ယွန်းဂီဘက်ကလည်းရှောင်နေမိသည်။ဒီနေ့လည်းစာမေးပွဲဖြေရမဲ့ရက်ကြောင့်ယွန်းဂီအိမ်ကစောစောထွက်လာလိုက်သည်။ဦးကိုလိုက်ပို့ခိုင်းလို့ရပေမဲ့ ကိုယ်နဲ့တောင်စကားတစ်ခွန်းမပြောရသေးတာမို့သူလည်းကိုယ့်ဘာသာကိုယ်ထွက်လာရတော့သည်။

စောစောထွက်လာတာမလို့ကျောင်းကိုလမ်းလျှောက်ရင်းသာလာခဲ့လိုက်သည်။အခုတစ်လော လူကအိပ်ရေးပျက်တာတွေများတာကြောင့်ခေါင်းကလည်းမူးနောက်နောင်ပင်။စာကိုအာရုံစိုက်ထားနိုင်ဖို့ကြိုးစားသော်လည်း အိမ်ထောင်ရေးကအဆင်မပြေဖြစ်နေသောကြောင့်ဒီတစ်ခေါက်စာမေးပွဲထင်သလောက်မ​ဖြေနိုင်မှာကိုသိသည်။

ဦးကတော့ သူ့အလုပ်နဲ့သူပုံမှန်စားချိန်၊အိပ်ချိန်မှန်သည်။သူတို့နှစ်ယောက်ကခွဲမအိပ်ပေမဲ့ တစ်ယောက်နဲ့တစ်ယောက်တော့အခန်းထဲမှာတောင်စကားမပြောဖြစ်ကြ။အရင်ကဆို အကိုဂျောင်ကုကကြားထဲကနေတစ်ခုမဟုတ်တစ်ခုပြောပေးလို့ ဆက်စပ်ပြီးစကားပြောဖြစ်ပေမဲ့အခုတော့အကိုဂျောင်ကုအစ ကိုယ်တွေနှစ်ယောက်ကိုရှောင်နေသည်။

အတတ်နိုင်ဆုံး ဖြစ်လာမဲ့ရလဒ်ကိုသူရင်ဆိုင်နိုင်ပါတယ်။ဦးက သူ့ကိုရွေးသည်ဖြစ်စေ၊မဖြစ်စေသူကတော့ဆက်ချစ်မိနေဦးမယ်ထင်တယ်။ဒါပေမဲ့ ဦးကသူထင်သလောက်ကောသူ့အပေါ်ရက်စက်ပါဦးမလား??။ဦးကိုသူသိထဲက ဦးကသူ့အပေါ်ကြင်ကြင်နာနာအမြဲရှိနေခဲ့တာလေ။ဒီလိုအချိန်မှာအားလုံးထက်သူ့ကိုယ်သူသာပိုယုံသင့်တယ်။ဒါမှလည်း ဦးကသူ့ဆီပြန်လာမှာ။

"5ting Yonngi!!"

လက်သီးလေးကိုဆုပ်ပြီးကိုယ့်ဟာကိုယ်အားပေးရတာ ထင်သလောက်ခွန်အားမရပေမဲ့ယုံကြည်မှုတော့သူများထက်ပိုရပါတယ်။တစ်ကြိမ်၊နှစ်ကြိမ်မက ဦးရဲ့မျက်ဝန်းတွေကို​မြင်တိုင်းပျော့ညံ့တတ်သွားတဲ့သူက အခုလည်းထပ်ပြီးအားမနည်းဖို့သူ့ကိုယ်သူထပ်ခါထပ်ခါ သတ်ိပေးနေရတယ်။ဒီတစ်ခေါက်စာမေးပွဲတော့ ဦးကြောင့်ကျရတော့မယ်ထင်ပါရဲ့ဗျာ။

[ ဒုတိယမြောက်ခင်ပွန်း ]#complected#Tempat cerita menjadi hidup. Temukan sekarang