page-4

572 69 6
                                    

Unicode

ဂျောင်ဟိုဆော့တို့ ထယ်ယောင်းကောင်းမှုနဲ့မနက်နှစ်နာရီထိုးကြီးသဘော်ဆိပ်သို့ခိုးကြောင်ခိုးဝှက်ရောက်​နေရလေသည်။အကြောင်းမှာ ညနေလောက်ကမှကင်မ်ထယ်ယောင်းဆိုသူရဲ့သူငယ်ချင်း Hackerဆိုလား၊ဘာဆိုလား သူ့ရဲ့အနံ့ခံပေးမှုကြောင့်စက်ရုံမှုးဆိုသူ တရုတ်ကုန်သဘော်သို့လိုက်ပါမည့်အကြောင်းသိရှိခဲ့ရသည်။ဒါ့အတွက်လည်း ထိုသူ့ကိုခြေတစ်လှမ်းဦးအောင်အရင်စောင့်ရင်း မကြာခင်သဘော်ထွက်မည့်အချိန်ကိုကြည့်နေရသည်။

ကြားရတာကတော့ နောက်မိနစ်ပိုင်းလေးအတွင်းသဘော်ကထွက်တော့မည်ဆိုပဲ။ရဲတွေကတော့ သူ့အစီစဥ်နဲ့သူကြည့်ဖမ်းပေးမယ်ဟုပြောသော်လည်း စိတ်မချနိုင်တဲ့ကျွန်တော့်ကြောင့်အိပ်ရေးပျက်ခံပြီး အတွင်းရေးမှုးနဲ့အတူတစ်နေရာမှာမျက်ခြေမပြတ်စောင့်ကြည့်နေမိသည်။ခက်တာက ကိုယ်တွေနှစ်ယောက်ထဲမဟုတ်ပဲ ရှုပ်ရှုပ်ယှက်ယှက်ကင်မ်ထယ်ယောင်းကပါ လိုက်လာလေသည်။

ကူညီသင့်သလောက်ကူညီထားလို့ကျေးဇူးတင်စကားပြောတာကိုလည်းလက်သင့်မခံ။ ကူညီရခြင်းအတူတူအဆုံးထိလုပ်ပေးမယ်တဲ့လေ။ထပ်ပြီးကျေးဇူးတင်ဖို့ကောင်းပေမဲ့ စကားများတဲ့ဒဏ်ကြောင့်သူ့အဖို့တော်တော်စိတ်ညစ်နေရသည်။

"CEO...သဘော်ကထွက်တော့မယ်နဲ့တူတယ်။"

"အင်း..."

"အကယ်လို့ အခြေနေမကောင်းရင်ထယ့်လက်ကိုသေချာကိုင်ထားနော်။ CEOနဲ့လူစုကွဲသွားမှာစိုးလို့။"

"ငါ့ကိုအသာထားပြီး မင်းကိုကိုယ်သာစိတ်ပူနေစမ်းပါကင်မ်ထယ်ယောင်းရယ်။"

"ထယ့်ကိုယ်ကိုထက် CEOကိုပိုပြီးစိတ်ပူလို့ပြောတာပေါ့။ CEOကထယ့်ကိုအကောင်းမမြင်တော့ ဒါတွေကိုဘယ်မြင်ပါ့မလဲ ဟွန့်"

"ကင်မ်ထယ်ယောင်း မင်းတိတ်တိတ်နေစမ်းကွာ! ဒီမှာဘာဖြစ်မှန်းမသိ ဖြစ်နေရတဲ့ကြားထဲ။"

သူပိတ်ဟောက်လိုက်တော့ နှုတ်ခမ်းတွေကဆူထွက်လာပြီးမျက်စောင်းပိတ်ထိုးတော့သည်။အခုထိ ကလေးစိတ်နဲ့။

"Boss ဟိုမှာ ရဲတွေဝင်လုံးနေပြီ"

အတွင်းရေးမှူးရဲ့အော်သံကြောင့် ဟိုဆော့လည်းကွယ်ထားတဲ့ချုံပုတ်တွေကြားထဲမှအမြန်ထွက်ကာ စက်လှေပေါ်သို့တက်ပြီးဟိုလူ့ကိုအမြန်ရှာရတော့သည်။ အချို့သောသူတွေမှာရဲလက်ထဲ အတုန်းအရုန်းဖြစ်နေပေမဲ့သူရှာနေတဲ့ဟိုလူကတော့ အိတ်ထုပ်တစ်ခုကိုပိုက်ကာ သဘော်ရဲ့နောက်ပေါက်ကနေကမ်းပေါ်ကိုပြန်တက်ဖို့ပြင်နေလေသည်။

[ ဒုတိယမြောက်ခင်ပွန်း ]#complected#Where stories live. Discover now