page_7

497 72 7
                                    

Unicode

"အင်း မင်းလုပ်ထားတာလေးတွေကမဆိုးဘူးပဲ"

"ကျေးဇူးပါ "

ကိုယ့်ကိုပြုံးရင်းချီးကျူးလိုက်တဲ့ CEOကြောင့်ထယ်ယောင်းလည်း ဝမ်းသာစွာနဲ့ပြန်ပြောမိသည်။

"အတွေ့ကြုံနုသေးတယ်ဆိုပေမဲ့ အရည်အချင်းကတော့ seoul တက္ကသိုလ်ထွက်ဆိုတော့ဘာမှပြောစရာတော့မရှိပါဘူး"

"ဒါဆို CEO ထယ့်ကိုလက်ခံမှာလားဟင်"

"ကင်မ်ထယ်ယောင်းက ဘာတွေမျှော်လင့်ထားလို့လဲ??"

ပြန်မေးလိုက်တဲ့အမေးကြောင့်ထယ်ယောင်းတစ်ယောက်ရှက်ရှက်နဲ့ ခေါင်းလေးကုတ်လိုက်မိသည်။

"မျှော်လင့်ထားတာပေါ့။ ဒီဟာကိုထယ့်အဖေကိုတောင်ပြဖူးတာမဟုတ်ဘူး။CEOကို အရေးကြီးတဲ့ပုဂ္ဂိုလ်ဆိုပြီးအရင်ပြတာ။ "

"ငါက အရေးကြီးတယ်?? အေးပါ။ထားပါတော့"

"ဒါနဲ့ ထယ့်ကိုတကယ်ပဲဘာမှထပ်ပြီးပြောစရာမရှိဘူးလား??"

" မင်းက အရည်အချင်းရှိတဲ့လူငယ်တစ်ယောက်ပါပဲ"

"ဆိုတော့...."

"ခနလောက်တော့အချိန်စောင့်လို့ရတယ်မလား ငါအခုတစ်လောအရေးကြီးတဲ့ အဆောက်အဦတစ်ခုကို ကန်ထရိုက်တာယူထားရတယ်။အဲ့တာပြီးမှပဲ မင်းကိစ္စဘက့်ကိုလှည့်နိုင်မယ်။ လောလောဆယ်မင်းပြန်ထားပြီးဟိုမှာလုပ်စရာရှိသာလုပ်တော့"

"ထယ် ဒီမှာပဲဆက်နေလို့မရဘူးလား??"

"ဟမ် ဘာအတွက်လဲ??"

"ထယ်, CEOဘေးနားမှာနေပြီးအတွေ့အကြုံသစ်တွေယူချင်လို့ပါ။"

"ငါ့ဆီက မဟုတ်ပဲ မင်းအဖေဆီကသာအေးဆေးလေ့လာလိုက်ပါ။ငါ့အနားမှာနေရင် မင်းသက်သောင့်သက်သာရှိမှာမဟုတ်ဘူး "

ထယ်,  CEOရဲ့စကားကြောင့်သဘောကျကျနဲ့ပြုံးလိုက်မိသည်။ CEOရဲ့အနားကနေခနလေးနေပြီးတော့ထွက်မသွားချင်ပါ။ဘာ့ကြောင့်လဲတော့မသိပေမဲ့ သူ CEOကြီးအနားမှာနေရရင် ပျော်တယ်။

"ရတယ်...ထယ် CEOကြီးရဲ့အလုပ်တွေဝိုင်းကူလုပ်ပေးပြီး သဘောတူညီချက်စာချုပ်ရပြီးမှဟိုကိုပြန်မယ်နော်...ရတယ်မလား"

[ ဒုတိယမြောက်ခင်ပွန်း ]#complected#Where stories live. Discover now