page_9

474 77 15
                                    

Unicode

"CEO ဒီစာရင်းလေးကလေ တစ်ခုခုမှားနေသလိုပဲ"

"CEO ဒါလေးထယ့်ကိုရှင်းပြပါလား??"

"CEO ဒီcompanyရဲ့စတော့ရှယ်ရာစျေးဒီတစ်ပတ်တက်လာတယ်တဲ့"

"CEO..."

"CEO..."

နေ့စဥ်ရက်ဆက်တစ်CEOထဲEနေတဲ့ထယ်ယောင်းဆိုတဲ့ omegaကြောင့်ဂျောင်ကုကြာလာတော့ဒေါသတွေထွက်လာရပါ၏။နားမလည်တာကနည်းနည်း စကားများတာကများများ။ကိုယ့်ရှေ့မှာမို့တမင်တကာအရွဲ့တိုက်နေလားမသိ။ကြာလေ ကြာလေအမြင်ကပ်လာလေပြီ။

Ring~

"Hello...ကင်မ်ထယ်ယောင်းပါ"

"ဗျာ...ဖေဖေဆေးရုံတင်ထားရတယ်ဟုတ်လား!!"

အသံပြဲကြီးနဲ့ထအော်လိုက်တဲ့ ဒီomegaကြောင့်ဂျောင်ကုစာရင်းစာရွက်တွေထဲမှခိုးကြည့်မိ၏။

"ဟ ဟုတ် ကျွန်တော်အခုချက်ချင်းလာခဲ့ပါ့မယ်နော်"

ဖုန်းချလိုက်ပြီးပြီးခြင်း ထယ်ယောင်းCEO ဘက်ကိုအမြန်ကြည့်လိုက်ပြီး

"CEO ထယ်အိမ်ကိုခနပြန်ရလိမ့်မယ်~ဖေဖေ မူးလဲလို့ဆေးရုံတင်ထားရတယ်တဲ့~"

"ဟမ် ဟုတ်လား?? အခုကောဘယ်လိုလဲအဆင်ပြေရဲ့လား?? အိမ်ပြန်ဖို့ဆိုကားတွေဘာတွေရောအဆင်သင့်ရှိလား??"

"ဟင့်အင်း~ထယ့်မှာကားမရှိဘူး~ဟင့် ဘ ဘယ်လိုလုပ်ရမလဲဖေဖေကဟိုမှာအသဲအသန်ဖြစ်နေတယ် တဲ့~"

"OK အဲ့တာဆိုကိုယ်လိုက်ပို့ပေးမယ်..."

"ဟမ်!!"

ထိုအာမေဋိတ်အသံကတော့ ဂျောင်ကုဆီကပင်။ဘာဆိုင်လို့ အကိုကလိုက်ပို့မယ်လို့ပြောရတာလဲ??။သူက ကလေးလဲမဟုတ်သလို၊ရင်းနှီးနေတဲ့ဆက်ဆံရေးမျိုးတွေလည်းမဟုတ်ဘူးလေ။

"ဂျောင်ကု...ယွန်းဂီလေးကိုမင်းပဲသွားကြိုလိုက်ပါနော်။အကိုထယ့်ကိုလိုက်ပို့လိုက်ဦးမယ်"

"ဒါ ပေမဲ့ယွန်းဂီကအကို့ကိုမျှော်နေမှာလေ။ပြီးတော့ဒီကိစ္စ သူ့ဘာသာသူသွားပါလေစေ"

"ဂျောင်ကု ဘာလို့လူမှုရေးညံ့ဖျင်းရတာလဲ?? ထယ်ယောင်းကကိုယ့်ကိုအကူညီတွေအများကြီးပေးထားတဲ့သူ အခုလိုအခက်ခဲဖြစ်နေချိန်မှာအကိုကူညီရမှာပေါ့"

[ ဒုတိယမြောက်ခင်ပွန်း ]#complected#Where stories live. Discover now