ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 5

Magsimula sa umpisa
                                    

" ငါကတော့ နင့်ကို မသိဘူး "

" အခုမသိလည်း ကိစ္စမရှိပါဘူး။ ငါတို့ချင်း မိတ်ဆက်လိုက်ရင် သိပြီပဲ။ငါ့နာမည် က ရှိန်းမာန်ဆက် "

"................. "

အတင်းမိတ်ဆက်နေတဲ့ ကောင်စုတ်ကို တခေတ်ဘာမှပြောမနေတော့ဘဲ... ကိုယ့်လမ်းကို လျှောက်လာခဲ့လိုက်သည်။

" ဝါး... အကြောမာချက်က 9+++ ပဲ "

တစ်နှစ်ကျထားတဲ့ Ecoမေဂျာပထမနှစ် တက္ကသိုလ်ကျောင်းသားဖြစ်တဲ့ ဆက်သည် အတန်းထဲမှာတောင် စီနီယာမမ၊ဂျူနိီယာညီမလေးတွေဆီကနေတောင်မှ အချေမခံရတာ။
မနေ့တစ်နေ့ကမှ အိမ်ရှေ့အိမ်ကို ရောက်လာတဲ့ ကောင်မလေးဆီကနေ အချေခံလေတော့...
နည်းနည်းလေးတော့ တင်းသွားတာပေါ့။

ဆက် ကားပေါ်ကိုဆို မခေါ်ခင်ကတည်းက တက်လိုက်ချင်တဲ့ မိန်းကလေးတွေမှ ပုံလို့။အဲ့ဒါကို
ဘာမှဟုတ်ပုံမရတဲ့ ကောင်မလေးဆီကနေ အချေခံရတော့... ရင်ဘက်ထဲက အစာမကြေသလိုကြီးကို ဖြစ်လို့။

ဆက် ကားကို သူမဘေးနားကပ်ကာ အရှိန် အနိမ့်ဆုံးအထိ လျော့မောင်းလိုက်သည်။

" တောက်! "

ကားကိုမောင်းစရာရှိတာ မမောင်းဘဲ တခေတ်ဘေးကနေ ကပ်မောင်းနေတဲ့ ကောင်စုတ် ကို
တခေတ် စိတ်တိုမိတာကြောင့်... တက်ကိုခပ်ပြင်းပြင်း ခေါက်ပစ်ပြီး... ခြေလှမ်းကို ခပ်မြန်မြန်လျှောက်လိုက်သည်။

" စိတ်တိုတာလေး က ချစ်စရာလေးပဲ "

" ဘာ! "

" ဘာမှမဟုတ်ဘူး။လမ်းကို ကြည့်လျှောက်လို့ ပြောတာ "

ယောက်ျားလေးဖြစ်ပြီး စကားကို တခဏတွင်း
အမျိုးမျိုးလည်း ပြောတတ်တဲ့ ကောင်စုတ်။

တခေတ် ရှိန်းဆက်မာန်ဆိုတဲ့ ကောင်ကို မျက်စောင်းပိတ်ထိုးပြီး... လမ်းကို စောနကထက် ပိုမြန်အောင် လျှောက်လိုက်သည်။

ဦးလေးကြီး၏ အိမ်ကလည်း ရောက်ဖို့ လိုသေးတာမို့... ဘေးကနေ ကားနဲ့ကပ်လိုက်နေတဲ့
ကောင်စုတ်ကို အမြန်သွားဖို့... စိတ်ထဲ၌ မေတ္တာပို့နေမိသည်။

" ဂိန် ဂိန် ဝုတ်! ဝုတ်! ဝုတ်! ဝုတ်! "

" ဟေ့... ဒေါ်ပေစောင် ကားပေါ်    မြန်မြန်တက် "

ရင်ခုန်ခြင်း၏ အဓိပ္ပါယ်  Completed Tahanan ng mga kuwento. Tumuklas ngayon