"တောက်!မင်းပါးစပ်ကိုပိတ်တော့နော် ဇမ်း!"

"ဟွန်း!"

ညွှန်းက ဒေါသကိုထိန်းရင်း အရိုင်းအစိုင်းကောင်ကိုပြောကာ လက်ကိုဆောင့်ရုန်းပစ်လိုက်သည်။ထိုအခါမှ သူက မျက်လုံးကိုခပ်စင်းစင်းမှေးကြည့်ရင်း ဟွန့်ခနဲတစ်ချက်မဲ့ကာ ညွှန်းလက်တွေကိုလွှတ်ပေးသည်။ညွှန်းသူ့လက်ကလွတ်သည်နှင့် နီရဲကာနာကျင်နေသည့်လက်ကောက်ဝတ်လေးကို လက်နှင့်အသာပွတ်လိုက်သည်။

"ကိုနေ တောင်းပန်ပါတယ်၊ဒီနေ့တော့ ဒီလောက်နဲ့ပဲ ကျွန်တော်ပြန်ပါစေ၊အားလဲနာပါတယ်...."

"ရတယ် ညွှန်း...ကိုယ်က ကိစ္စမရှိဘူး၊ညွှန်းအမျိုးသားကိုသာ နားလည်အောင်ပြောပြလိုက်ပါ"

ကိုနေ အသံကညင်ညင်သာသာ။ကိုယ့်ရဲ့မိတ်ဆွေဟာယဥ်ကျေးတဲ့လူရည်မွန်ဖြစ်ပေမယ့် ကိုယ့်အမျိုးသားဖြစ်တဲ့လူကတော့ အရိုင်းအစိုင်း။စကားကို ပြောချင်ရာပြောသည်။စည်းဆိုတာမထား။ပြီးရင် သူလုပ်သမျှသာလျှင်အကုန်မှန်တဲ့လူ။တစ်ခုချင်းထောက်ပြပြောဆိုရပါလျှင် ကိုယ်ပေါင်ကိုယ်‌လှန်ထောင်းဖြစ်မဲ့အဖြစ်။

ညွှန်း ကိုနေကိုတောင်းပန်ပြီးသည်နှင့် လှည့်ထွက်ရန်ပြင်သည်။သို့သော်....၊

"နောက်တစ်ခါ ညွှန်းစာစီဖွဲ့ဆိုတဲ့ယောကျ်ားနဲ့တွေ့ချင်ရင် သူ့ရဲ့ကာမပိုင်လင်ဖြစ်တဲ့ ဇမ်းဆိုတဲ့ကျုပ်ကို အရင်ပြော....တွေ့ချင်တိုင်းတွေ့လို့ရနေရအောင် ညွှန်းစာစီဖွဲ့ဆိုတဲ့ယောကျ်ားက လွတ်လပ်နေတဲ့ ယောကျ်ားပျိုမဟုတ်ဘူး၊ကျုပ်ပြောတာ သဘောပေါက်ပါတယ်နော် ဦးဖန်နေစက်ရှိန်..."

"ဇမ်း!"

"နောက်တစ်ခါ...ကိုယ်ဆင်ခြင်လိုက်ပါ့မယ်"

ကိုနေရဲ့တုန့်ပြန်သံက အေးအေးလူလူပင်။ အာသွက်လျှာသွက်ရှိတဲ့ ဇမ်းကိုလဲ ညွှန်းဘယ်လိုမှတားချိန်မရလိုက်သလို တားလဲမတားလိုက်နိုင်ပေ။ပြောချလိုက်တာ တစ်ဖက်လူကို အားနာစရာလို့လဲမြင်ပေါ်မပုံ။သူကတော့ ဘာမှမဖြစ်သလိုပင်။

"သွားမယ်...."

"ငါ့ကို မထိနဲ့ ငါ့ဘာသာ သွားမယ် ဖယ်!"

You are My BoneWhere stories live. Discover now