real life(Final)

Magsimula sa umpisa
                                    

မိုးထက်မှာရှေ့မှာလာကဲသဲနေတဲ့နှစ်ယောက်ကြောင့်တဖက်ကိုလှည့်ကာဝေါ့ကနဲလုပ်လိုက်တော့သည်။အာဏာကမိုးထက်ပုခုံးလေးကိုဖက်ရင်း ဟေးဟေးတို့အတွဲကိုကြည့်ကာ..

"ဟင်းကိုသတိရနေတာ ကြက်ကင်စားချင်တိုင်းလေ"

(ဟွန့် သူများကိုပဲလာခလုတ်တိုက်နေကြတယ် လူတွေကကြောက်ဖို့ကောင်းလိုက်တာကိုကိုရယ်)

ဟုဆိုကာသံချောင်းရဲ့ရင်ခွင်ထဲခေါင်းလေးတိုးဝင်သွားသည်။သံချောင်းကသူအတောင်ပံလေးဖြန့်ကာဟေးဟေးကိုကာလိုက်ပီးအာဏာအားအကြည့်စူးစူးပေးလိုက်သည်။

[ကဲ ကင်စားချင်တဲ့သူတေ ကိုသံချောင်းကိုအရင်ကျော်ဖြတ်ကြပါ ဟုတ်ကဲ့😜]

"ညနေကသေချာမိတ်မဆက်လိုက်ဘူး ဒါကငါ့ဘေဘီလေး လင်းသန့်တဲ့ ဘေဘီ ဒါကဒါလင့်အကိုဝမ်းကွဲအာဏာလွှမ်း ဘေးကသူ့ခင်ပွန်းမိုးထက်မြင့်"

"ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်ဗျ ကျနော်ကလင်းသန့်ပါ"

"မင်းအသက်တော့ပြည့်ပီမလား"

အာဏာကမေးလိုက်တော့..

"ဟုတ်ပြည့်ပီးပါပီ ဒါလင်ထက်တော့၂နှစ်ငယ်ပါတယ်"

"ငါ့ကလေးလေးလေ ဟုတ်တယ်နော်ဘေဘီ"

"ဟုတ်"

အာဏာအလကားမေးလိုက်ချင်းမဟုတ် အဖွဲ့ထဲမှာအသေးဆုံးဖြစ်နေပီး သူ့ညီမကအသက်မပြည့်သေးတဲ့ကလေးကိုဆွဲစားပီးအနိုင်ကျင့်နေတာဖြစ်နေမှာဆိုးလို့သာ။ကောင်လေးကြည့်ရတာယုဝနကိုလဲချစ်မယ့်ပုံပဲမို့ဘာမှမပြောတော့ပေ။

"အိပ်ချင်နေပီလား ချာတိတ်"

"ဟင့်အင်း နည်းနည်းတော့အေးတယ် ဖက်ထားပေး"

ပင်လယ်လေတစ်ချက်ဝှေ့လိုက်သည်နှင့်အအေးဓာတ်ကအတူကပ်ပါလာတာကြောင့်အာဏာကမိုးထက်ကိုပေါင်ပေါ်တင်ကာကျောပေးထိုင်စေပီး နောက်ကနေသိုင်းဖက်ထားလိုက်သည်။မိုးထက်ကလဲအာဏာရဲ့ရင်ဘတ်ပေါ်ခေါင်းလှန်တင်ကာလက်ချင်းယှက်ကိုင်ထားကြသည်။

ယုဝနကလဲ လင်းသန့်ရဲ့ခေါင်းလေးကိုရင်ခွင်ထဲဆွဲသွင်းကာအေးနေတဲ့လက်လေးကို ခပ်ဖွဖွဆုပ်ကိုင်ပီးအနွေးဓာတ်ပေးလိုက်သည်။အားနည်းလွန်းတဲ့ကောင်လေးကမိန်းကလေးတစ်ယောက်အပေါ်မှီခိုတာကကြားရတာတစ်မျိုးဖြစ်နေပေမယ့် သူကတော့ဂရုမစိုက်။ထိုကောင်လေးကိုသူချစ်တယ် သူလေးကလဲကိုယ့်ကိုချစ်တယ်ဘာလိုသေးလဲ။မိန်းကလေးကပဲမှီခိုရမယ်လို့ဥပဒေမှမချမှတ်ထားဘူးလေ ဘေးပတ်ဝန်းကျင်ဆိုတာချစ်တဲ့သူလောက်မှ ကြည့်မကောင်းတာဘာလို့ကြည့်နေရမှာလဲ။

System HeyHey(Completed)Tahanan ng mga kuwento. Tumuklas ngayon