မိုးထက်ကဘောင်းဘီတိုလေးဖြင့်ရေထဲဆင်းဆော့နေပီးအာဏာကမိုးထက်ရဲ့ချစ်စရာအပြုမူလေးတေကိုတစ်ခုချင်းဖုန်းဖြင့်မှတ်တမ်းတင်နေသည်။ရေစိုပီးကပ်နေတဲ့ဘောင်းဘီကြောင့်တင်သားလေးတေကိုကြိတ်မှန်းရတာလဲတစ်လုပ်ပင်။နှစ်ယောက်သားတစ်နေကုန်သောင်ပြင်မှာပဲအချိန်ကုန်နေကြပီး ဗိုက်ဆာလာရင်အပန်းဖြေတဲထဲတွင်အသင့်စားမုန့်များယူစားကြပီးဘန်ကလိုကိုညအချိန်မှပြန်ရောက်ကြသည်။

"ချာတိတ်အရင်ရေချိုးလိုက်နော် ကိုယ်ညစာအတွက်သွားစီစဉ်ပေးမယ်"

"ဟုတ်"

"ရွှတ်!"

နှဖူးလေးကိုနမ်းကာအာဏာကအပြင်ထွက်သွားသည်။ထိုတော့မှမိုးထက်လဲခရီးဆောင်အိတ်ထဲကအဝတ်တစ်ထည်ကိုယူလျုက်ကာရေချိုးခန်းထဲဝင်သွားတော့သည်။

>>>>>>>>>>>

အာဏာညစာမှာပီးအခန်းထဲပြန်ဝင်လာတော့မီးကပိတ်ထားလေသည်။နံရံရှိခလုတ်ကိုနှိပ်ကာဖွင့်လိုက်တော့...

"ဟင်!!!"

ကုတင်ပေါ်တွင်ငုတ်ထုတ်လေးထိုင်နေတဲ့မိုးထက်က အနီရောင်ဇာပါးလေးဖြင့်လှချင်တိုင်းလှနေသည်။ထို့နောက်အာဏာကိုရီဝေဝေလေးကြည့်ကာ...

"ခဗျား ကျနော်ကြည့်လို့ကောင်းလားဟင်"

"ချာ ချာတိတ်!"

အာဏာတံခါးဝတွင်ကျောက်ရုပ်ကြီးသဖွယ်တောင့်တောင့်ကြီးရပ်နေတော့သည်။သူ့မျက်စိမှာမိုးထက်ရဲ့တစ်ကိုယ်လုံးကိုစုန်ချီဆန်ချီကြည့်ပီးသတွေးတေအကြိမ်ကြိမ်မြိုချနေတော့သည်။

"ခဗျားမကြိုက်ဘူးလားဟင်"

မျက်နှာလေးမဲ့လာတဲ့သူလေးကြောင့်အနားကိုပြေးသွားကာခန္တာကိုယ်လေးကိုဆုပ်ကိုင်လိုက်ပီး...

"လှတယ် အရမ်းလှတယ်!ကိုယ်အရမ်းကြိုက်တယ်ချာတိတ်!"

"တကယ်လားဟင်"

မဝံ့မရဲလေးမေးလာတဲ့မိုးထက်ကပါးလေးနှစ်ဖက်ကသိသာစွာရဲနေပီး ဝိုင်နံ့အနည်းငယ်လဲရနေသည်မို့ ရဲဆေးတင်ထားပုံရသည်။

"ကျနော်က ခဗျားမကြိုက်မှာဆိုးနေတာ"

"ကိုယ်အရမ်းကြိုက်တယ် လှရက်လိုက်တာချာတိတ်ရာ"

System HeyHey(Completed)Where stories live. Discover now