"ဒါ ဒါဆိုခွင့်ပြုပါအုံးဗျ"

ပြန်ဖို့လုပ်နေတဲ့ထိုကောင်လေးကိုယုဝနကလှမ်းဆွဲကာနံရံမှာဖိကပ်လိုက်ပီး...

"နေပါအုံး ဘာလို့လောနေတာလဲ"

"ဟင့် အမ ဖယ် ဖယ်ပေးပါ"

"လူသစ်လား"

"ဟုတ် ဟုတ်တယ် ဒီနေ့မှအလုပ်စဝင်တာမို့လို့ နောက်ကျရင်အဆူခံရမှာ ဖယ် ဖယ်ပါနော်"

လူကောင်သေးသေးလေးနဲ့မို့၅ပေ၅ရှိတဲ့ယုဝနနဲ့ယှဉ်ရင်ခေါင်းတစ်လုံးပိုပုနေတဲ့ထိုကောင်လေးက ယုန်ပေါက်လေးအတိုင်းပင်။

"ဟဲ့ ယုဝန ကောင်လေးကြောက်နေပီ လွှတ်ပေးလိုက်စမ်းပါ!"

"ဟက်!ပြန်တွေ့ကြမယ်နော် အလှလေး"

လုံးဝန်းနေတဲ့တင်ပါးလေးကိုနှစ်ချက်လောက်ပုတ်ကာလွှတ်ပေးလိုက်တော့ကောင်လေးမှာထောင်ချောက်ကလွတ်သွားတဲ့ယုန်လေးလိုအလျင်မြန်ထွက်ပြေးသွားတော့သည်။

(ဘုရား ဘုရား ငါတောင်ကြက်ဖြစ်နေလို့မဟုတ်ရင်ငါ့လိုရုပ်ရည်မျိုးနဲ့ဆို သူလက်ကလွတ်မှာမဟုဘူး ဟူးး)

••••••••••

မင်္ဂလာခန်းမတွင်...

စင်မြင့်ပေါ်တွင်အာဏာကဆင်စွယ်ရောင်သတို့သားဝတ်စုံဖြင့်ချစ်သူအလာကိုစောင့်မျှော်နေသည်။ထိုအချိန်မီးတေအကုန်ပိတ်ကျသွားပီး ခန်းမထဲဝင်သည့်တံခါးကပွင့်လာကာ စင်ပေါ်ကသတို့သားနဲ့အရောင်တူဝတ်စုံလေးနဲ့ နောက်ထပ်သတို့သားတစ်ဦးကရပ်နေသည်။ဘေးတွင်သတို့သားရဲ့ဖခင်ဖြစ်သူကယှဉ်တွဲရပ်နေပီး သတို့သားကဖခင်ရဲ့လက်မောင်းကိုချိတ်ဆွဲထားကာ ခန်းမထဲသို့တစ်လှမ်းချင်းလျှောက်လာသည်။

မီးရောင်မှိန်မှိန်အောက်တွင်စလိုက်မီးကသတို့သားနှစ်ယောက်ကိုသာထိုးပြထားသည်မို့ ခန်းမတစ်ခုလုံးတွင်သူတို့နှစ်ယောက်သာ ရှိနေသည့်အတိုင်းပင်။အပြုံးကိုယ်စီဖြင့် နှစ်ကိုယ်တူဘဝလေးကိုတည်ထောင်ရတော့မည်ဆိုတဲ့စိတ်ကြောင့်နှစ်ယောက်လုံးစိတ်လှုပ်ရှားနေကြသည်။

ဦးမင်ထက်ကသားဖြစ်သူကိုစင်ပေါ်သို့အရောက်ပို့လိုက်ပီးအာဏာရဲ့လက်ကိုဆွဲယူကာမိုးထက်ရဲ့လက်အားထည့်ပေးလိုက်ပီး...

System HeyHey(Completed)Where stories live. Discover now