"ရတယ်လေ!! ကျုပ်ကလဲသူသေကိုယ်သေပဲမို့ ဘာကိုမှဂရုမစိုက်တော့ဘူး!! ခင်ဗျားကြည့်နေလိုက်!! ယွန်းဂီီကိုမတွေ့မခြင်းခင်ဗျားကိုနေ့ရော၊ညရော ဒုက္ခပေးပြမယ်!! ဒါ့အပြင်ကျုပ်မရမကပြန်ရှာပြီး ခင်ဗျား လက်ထဲကနေရအောင်ပြန်ယူမယ်!!"

"ဟားဟား!! ကြိမ်းလှချည်လားဂျွန်ဂျောင်ကုရယ်!! မင်းအခုလိုယုတ်မာတဲ့လုပ်ရက်တွေကိုယွန်းဂီသိသွားရင် မင်းနောက်ကိုပြန်လိုက်မယ်ထင်နေလား??။ မင်းထိုက်နဲ့မင်းကံပဲမို့အဲ့အကျိုးဆက်ကိုမင်းကျိန်းသေခံစားစေရမယ်"

"ခင်ဗျားး!!"

ဂျောင်ကုမှာ မျက်နှာတစ်ခုလုံးဒေါသကြောင့်နီရဲနေတဲ့အပြင် လက်သီးကိုလဲတင်းသထက်တင်းဆုပ်ထားလို့။သူ့စိတ်ကို သီးခံပေးထားတာဒီနေ့၊ဒီနေရာမှာနောက်ဆုံးပင်ဖြစ်သည်။ခင်ဗျား ကြည့်နေပါ။ကျုပ်ဆိုတဲ့ကောင်ကချစ်ရင် သူများလက်ထဲကနေမရရအောင်ယူတတ်သလို၊ဇရှိရင်လဲအဆုံးထိလုပ်ပြီးဖျက်ဆီးပစ်တတ်တယ်။ခင်ဗျား လာထိတဲ့လူမှားသွားပြီဆိုတာခင်ဗျားသိအောင်ကျုပ်လုပ်ပြမယ်။

"မင်ယွန်းဂီက သေတဲ့အထိကျုပ်အပိုင်ပဲ!! ခင်ဗျားကြိုက်သလောက်ဖွက်စမ်းပါ!! ကျုပ်မရရအောင်ပြန်ရှာပြမယ်!!"

လက်ညိုးငေါက်ငေါက်ထိုးကာ အိမ်ပြင်ထွက်သွားသူကြောင့် ကျန်ခဲ့တဲ့ဟိုဆော့မှာဒေါသတွေအလိပ်လိုက်။အခုထိ ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကိုဘာတစ်ခုမှမယုံနိုင်သေးပါ။သူ့ရင်မှာ အရမ်းကိုပူမြိုက်နေပြီး၊သူ့စိတ်တွေအင်မတန်ကိုဒေါသထွက်နေလေသည်။

ဘေးနားတွင်ငိုနေသော ထယ့်မျက်နှာကိုတစ်ချက်ကြည့်ပြီးတက်ခေါက်လိုက်ကာ

"တောက်!! မင်းလာခဲ့ ငါနဲ့မင်းစာရင်းရှင်းရမယ်!!"

ဒေါသတွေကြောင့် သူ့လက်တွေကိုအတင်းဆောင့်ဆွဲခဲ့ပြီး ဧည့်ခန်းထဲမှဆိုဖာပေါ်ကိုတွန်းချလိုက်သည်။ထို့နောက် သူလေသံမာမာဖြင့်

"ပြောစမ်း မင်းငါ့ကိုဘာတွေလိမ်ထားလဲဆိုတာ အကုန်ပြောစမ်း!!"

"ဟင့် အ...အကို...ထယ်လေ!!"

ထယ်ယောင်းမှာ အကိုမုန်းသွားမှာဆိုးလို့လက်ကောက်ဝတ်ကိုအမြန်လှမ်းကိုင်ရာမှာပုတ်ထုတ်လိုက်တဲ့အကို့ကြောင့် သူနှလုံးတစ်ခုလုံးမောလာရသည်။အကိုမေးတာကိုသူဘယ်လိုဖြေရမလဲ??။အကို့ကိုအရမ်းကြောက်လွန်းလို့ ကျွန်တော်ရူးရတော့မယ်နဲ့တူတယ်။အကို့ရဲ့အကြည့်တွေ၊အကိုရဲ့အသံတွေ နောက်ပြီးအကိုရဲ့အခုဖြစ်နေတဲ့အရာအားလုံးကိုကျွန်တော်ကြောက်တယ်။

[ ဒုတိယမြောက်ခင်ပွန်း ]#complected#Место, где живут истории. Откройте их для себя