ယုဝနစကားကြောင့်အာဏာခေါင်းထဲအချက်ပေးသံများတဝီဝီထွက်လာတော့သည်။

*စွန့်လွှတ်မှာလား! အရယူမှာလား!*

အသံသေးသေးလေးတစ်ခုကသူ့နားထဲထပ်ခါထပ်ခါမြည်တမ်းနေသည်။ထို့စကားကိုသူ့အားတစ်ယောက်ယောက်ကပြောဖူးနေသလိုပင်။

"အရပဲယူမယ်!"

"ဟမ်?"

"ချာတိတ်ကငါ့အပိုင်!"

ပြောပီးကားသော့နဲ့ပိုက်ဆံအိတ်ဆွဲကာထွက်သွားတဲ့အာဏာကြောင့်...

"အကို!ဟဲ့ နေအုံးလေ!ဘယ်လဲ!"

>>>>>>>>>>

နောက်တစ်နေ့မနက်...

ဒေါ်ရူပါနဲ့ဦးမင်းထက်ကသူ့တို့ရှေ့ကလူကိုစူးစမ်းသလိုကြည့်နေကြသည်။မနက်စောစောအိမ်ကိုရောက်လာပီး ဘာမှမပြောပဲငုတ်တုတ်ထိုင်နေတာ၁၅မိနစ်လောက်ရှိနေပီ။

"ကျွန်တော့နာမည်အာဏာလွှမ်းပါ"

"အော် အေး အန်တီကဒေါ်ရူပါ ဒါအန်တီအမျိုးသားဦးမင်ထက်ပါ"

"ကျနော်သိပီးသားပါ"

"အော် အေး အေး"

လင်မယားနှစ်ယောက်သားတစ်ယောက်မျက်နှာတစ်ယောက်အပြန်လှန်ကြည့်ရင်းကြောင်တောင်တောင်ဖြစ်နေကြသည်။ထို့နောက်ဦးမင်းထက်က...

"ဒါနဲ့ လာရင်းကိစ္စကဘာများလဲ"

"ဟုတ်ကဲ့ ကျနော်ဦးလေးရဲ့သားကိုလာတောင်းတာပါ"

"ဟမ်!!!"

•••••••••••••

(hostရေ ထတော့ အောက် အီး အီးအွတ်!!!!)

"ကျစ် ဟေးဟေးရာ ပါးစပ်ပိတ်ထားစမ်း!"

(ထတော့hostရေ အောက်မှာပျားတုပ်နေပီ)

"ပျားတုပ်တာဆေးခန်းသွားပါလား ငါကဘာထလုပ်ရမှာလဲ"

(မဟုဘူးလေဗျာ ကျနော်ကစကားအဖြစ်ပြောတာ အောက်မှာhostကိုလာတောင်းနေပီ)

"ငါဘယ်သူဆီကမှပိုက်ဆံမချေးထားဘူးလေ"

(ငါ ထခွပ်လိုက်ရနော်!!အောက်မှာhostလင်က hostကိုနောက်ပေါက်ချဲ့ပေးဖို့ လာတောင်းရမ်းနေပီလို့!!!)

System HeyHey(Completed)Where stories live. Discover now