"သား ရေချိုးပီးနားတော့နော်"

"ဟုတ်မေမေ"

မိုးထက် ဟေးဟေးကိုချီကာအပေါ်ထပ်ကသူ့အခန်းသို့သွားလိုက်သည်။အခန်းထဲတွင် ကြက်ထည့်ရန်လှောင်အိမ်လေးတစ်ခုလဲထားထားပေးတာကြောင့်ဟေးဟေးကိုထိုလှောင်အိမ်လေးထဲထည့်ကာတံခါးဖွင့်ပေးထားလိုက်သည်။
ထို့နောက်အိပ်ယာပေါ်လှဲချလိုက်တော့သည်။

တူး..တူး

📱ဟယ်လို📱

ဟယ်လိုချာတိတ် အိမ်ပြန်ရောက်နေပီလား📱

📱ဟုတ် ခုပဲပြန်ရောက်တာ📱

📱ကိုယ်အလုပ်တေမပီးသေးလို့ ချာတိတ်ဆေးရုံဆင်းတာကိုယ်မရှိနိုင်ခဲ့ဘူး တောင်းပန်ပါတယ်📱

📱မဟုတာခဗျားရယ် ခဗျားသတိတရရှိနေတာနဲ့တင်ကျနော်ဝမ်းသာနေပါပီ ဒါနဲ့ကျနော့်ဖုန်းနံပါတ်ဘယ်လိုရတာလဲ📱

📱ယုဝနဆီကတောင်းလိုက်တာ ဟော့ပေါ့တစ်ဝိုင်းစာတော့ပေးလိုက်ရတယ်📱

📱ထင်တယ် သူ့ဆီမှာဘယ်ဟာမှအလကားမရဘူး📱

📱ချာတိတ်📱

📱ဗျာ📱

📱ဟိုလေ....📱

📱ဟုတ်📱

📱ဟင်းး ထားလိုက်ပါတော့ ချာတိတ်နားတော့နော် ကိုယ်ဖုန်းချလိုက်တော့မယ်📱

📱အင်းပါ📱

📱တစ်ခုခုလိုရင်ကိုယ့်ကိုအချိန်မရွေးဖုန်းဆက်လိုက်နော်

📱ဟုတ်📱

"ဟွန့်ပြောစရာရှိတာမပြောဘူးမူနေသေးတယ်"

(မူရမှာပေါ့ hostတို့ကမနေ့ကမှတွေ့တာကိုသူကဘယ်လိုပြောမှာလဲ)

"ဒီဘဝမှာမနေ့ကတွေ့ပေမယ့်ငါ့တို့ကsystemမှာ၇ဘဝလောက်လင်လင်တေဖြစ်ခဲ့တာပါနော် ခုနေမင်္ဂလာဆောင်မယ်ဆိုရင်တောင်ငါကပျော်ပျော်ကြီးဆောင်လိုက်မှာ"

(ပြောမိတဲ့ကျနော်ပဲ မှားတာပါ)

ဒေါက် ဒေါက်

"သားလေး အိပ်နေတာလား"

"မအိပ်ဘူးမေမေ ဘာလို့လဲ"

"အောက်ခနလောက်ဆင်းလာပါလား မေမေတို့ပြောစရာလေးရှိလို့"

"ဟုတ်"

System HeyHey(Completed)حيث تعيش القصص. اكتشف الآن