(hostကဆေးရုံမှာပါ hostယုဝနနဲ့လမ်းခွဲပီးကားတိုက်တဲ့အချိန်ကိုရောက်နေတာပါ hostကိုမာဝင်နေတာ၁လရှိပီ)
system ထဲမှာဘဝပေါင်းများစွာနှစ်ပေါင်းများစွာနေခဲ့ပေမယ့်ဒီမှာကအချိန်၁လသာရှိသေးသည်။
"သားလေး အမေ့သားလေးသတိရလာပီ ဖေကြီးရေ!ဒီမှာသားလေးသတိရလာပီ"
မိုးထက်မြင့်ရဲ့မိခင်ဒေါ်ရူပါရဲ့အသံကြောင့်အခန်းထဲသို့ဆရာဝန်နဲ့nurseတေပါဝင်လာသည်။
"ကြက် ကြက်!ဘယ်ကရောက်လာတာလဲ အဲ့ကြက်က!"
nurseမလေးကဖယ်ဖို့လုပ်တော့...
"မလုပ်နဲ့ ရတယ် သူကလူယဉ်တယ် ဟေးဟေးခနဖယ်ပေး"
(ဟုတ်)
ဟေးဟေးကမိုးထက်မြင့်ရင်ဘတ်ပေါ်ကဆင်းကာအိပ်ရာပေါ်တွင်လိမ်လိမ်မာမာထိုင်နေသည်။
ဆရာဝန်ကခနလောက်စစ်ဆေးကာ...
"မူးတာဝေတာတေဖြစ်သလား"
"မဖြစ်ပါဘူး"
"ဒီကလူတေကိုရောမှတ်မိလား"
"ဟုတ် ကျနော့်မိဘတေပါ"
"ဒီလောက်ဆိုအဆင်ပြေပါပီ ခေါင်းကချုပ်ရိုးလဲဖြည်ပီးပီ လူနာလဲသတိရပီဆိုတော့နောက်နှစ်ရက်လောက်စောင့်ကြည့်ပီးရင်ဆေးရုံဆင်းလို့ရပါပီ"
"ဟုတ်ကဲ့ပါဒေါက်တာ"
ဒေါ်ရူပါကဆရာဝန်အားကျေးဇူးတင်စကားပြောကာကုတင်ဘေးကခုံတွင်ဝင်ထိုင်ပီး...
"သားလေး နေရတာသက်သာရဲ့လား"
"ဟုတ်မေမေ သားအဆင်ပြေပါတယ်"
"မသေကောင်းမပျောက်ကောင်းကွာ မင်းအမေမှာမင်းဆေးရုံတက်နေတဲ့တစ်လျှောက်လုံးတမှိုင်မှိုင် တထွေထွေနဲ့"
"သားကို သားကောင်မလေးကဆေးရုံပို့ပေးတာ အမေတို့ကိုလဲသူပဲလှမ်းအကြောင်းကြားတာသားရဲ့"
"သားကောင်မလေးကဘယ်သူ..."
ကျွီ...
ထိုအချိန်အခန်းတံခါးပွင့်လာကာ..
"အာ အန်တီတို့ရောက်နေတာလား ဟင်!မိုးထက် နင်!နင်သတိရလာပီ!"
"ယုဝန!"
YOU ARE READING
System HeyHey(Completed)
FantasyAll photos I use in this story are not mine. It's all from google. both unicode and zawgyi "mission တေလုပ်ကြမယ် let's go!!!" "အော်... ငါ့ရဲ့hostလေးယောက်ျားယူဖို့သွားရှာပီ" :::::::::::::::::::::::::::::::::::::::::::::::::::::::::::::::: "mission ေတလ...
System Space
Start from the beginning