ပီ(Arc -7.6)

Začít od začátku
                                    

"ပါးပါးရှိတယ်နော် မကြောက်ပါနဲ့ ပါးပါးကသမီးကိုကာကွယ်ပေးမယ်"

နွမ်နဲ့ယောက်ျားကြီးကဟော်တယ်ထဲသို့ဝင်သွားကြသည်။သူတို့မဝင်ခင် ပီဖုန်းထုတ်ကာပုံရိုက်ယူထားဖို့လဲမမေ့ခဲ့။ထို့နောက်ကားသမားကိုအိမ်ပို့ပြန်မောင်းခိုင်းလိုက်သည်။

အိမ်ရောက်သည်အထိကြောက်လန့်နေသေးတဲ့ကစ်ကြောင့်ပီတကယ်ကိုစိတ်မကောင်းဖြစ်ရပါသည်။

"ကစ် သမီးလေး ပါးပါးကိုပြောပြချင်လားဟင်"

"......"

"သမီးလေးနဲ့ပါးပါးကတစ်ယောက်ကိုတစ်ယောက်အားကိုးပီးနေနေရတာလေ လျှို့ဝှက်ချက်တေထားရင်မိသားစုနဲ့ဘယ်တူတော့မလဲ ပါးပါးကိုမချစ်ဘူးလားဟင်"

"ကစ်ပါးပါးကိုချစ်တယ်"

"ပါးပါးလဲချစ်တယ် ကစ်ကမပြောပြရင်ပါးပါးကဘာမှသိရမှာမဟုဘူး မိသားစုဆိုတာရင်ဖွင့်စရာ ခိုလုံစရာနယ်မြေလေးတစ်ခုလေ ကစ်ရဲ့ ပါးပါးကိုကစ်ရဲ့အကြောင်းတေရင်ဖွင့်နိုင်တယ်"

"အဲ့ဦးလေးက အရင်ကမေမေဆီကိုခနခနလာဖူးတယ်"

"အရင်ကဆိုတာ ကစ်ဖေဖေမဆုံးခင်ကလား"

"ဟုတ်"

"ဆက်ပြောပါအုံး"

"အဲ့ဦးကအိမ်ကိုလာရင်ကစ်အတွက်မုန့်တေအများကြီးဝယ်လာတယ် ပီးတော့အရုပ်တေလဲယူလာပေးတယ်"

"အင်း"

"ပီးတော့အဲ့ဦးကဖေဖေမရှိတဲ့အချိန်တေပဲရွေးလာတာ ပီးရင်မေမေနဲ့အခန်းထဲဝင်သွားကြရော"

"ကစ်က အဲ့ဦးကိုဘာလို့ကြောက်တာလဲ"

"......"

ဘာမှမပြောပဲခေါင်းငုံ့ကာထပ်ငိုလာတဲ့ကစ်ကြောင့်ပီလဲဆက်မမေးတော့ပဲကစ်ရဲ့ခေါင်းလေးကိုပုတ်ပေးကာ..

"ကစ်မဖြေချင်သေးရင်မဖြေနဲ့တော့နော် တိတ်တော့မငိုနဲ့တော့"

ကစ်ကငိုနေရင်းပဲပင်ပန်းကာအိပ်ပျော်သွားတော့သည်။ထိုအခါမှကစ်ကိုအိပ်ရာပေါ်ချီသွားပီး စောင်သေချာခြုံပေးလိုက်သည်။ထို့နောက်အပြင်ပြန်ထွက်ကာ ဂျိုးဆက်နဲ့ဇွန်ကိုဖုန်းဆက်ခေါ်လိုက်သည်။

System HeyHey(Completed)Kde žijí příběhy. Začni objevovat