သူ့သားမှသူ့သားဖြစ်နေပီး သားကောင်းကြောင်းအမွှန်းတင်လွန်းတဲ့သူမကိုနွမ်အလွယ်လေးကပ်နိုင်ခဲ့သည်။သားချစ်တဲ့အမေတစ်ယောက်ကို ကပ်ဖို့အတွက် ချွေးမကောင်းတစ်ယောက်ဖြစ်ပါတယ်ဆိုတဲ့နည်းဗျူဟာလေးထုတ်သုံးလိုက်ရုံပေါ့။

[ဒူးယူအန်တာစတမ်း!လင်ယူနည်းတေအခမဲ့သင်ကြားပေးပါသည်]

•••••••••••

"xxxကအမှုကို ပြန်ဖွင့်!"

"ဗျာ!"

ဇွန် ရဲစခန်းထဲတွင်ရုပ်တည်ကြီးနဲ့ထိုင်ကာပြောလိုက်ခြင်းပင်။

"ကိုဖော့ရဲ့အမှုကသာမန်ကားအက်ဆီးဒန့်အဖြစ်နဲ့အမှုပိတ်ထားပီးပါပီ ဒီကမစ္စတာကဘာလို့ပြန်ဖွင့်ချင်တာလဲမသိဘူး"

"သာမန်မဟုဘူး သူကလုပ်ကြံခံရတာ"

မေးမြန်းနေတဲ့ရဲကလှုပ်လှုပ်ရှားရှားဖြစ်သွားသည်...။

"ပိတ်ပီးသားအမှုမို့လို့ ပြန်ဖွင့်ဖို့မလွယ်...."

"အမှုပြန်မဖွင့်ပေးရင် ဒီစခန်းလဲဒီနေရာမှာထပ်ရှိစရာမလိုတော့ဘူး!"

"ဗျာ!"

တုန်လှုပ်နေတဲ့ထိုရဲကိုဇွန်မသင်္ကာတာနဲ့သူမသိအောင်ဓာတ်ပုံတစ်ချို့ကိုရိုက်ယူထားလိုက်သည်။

"ဘာပြသနာရှိလို့လဲ"

ထိုအချိန်ရုပ်သန့်သန့်နဲ့ရဲနောက်တစ်ဦးကဝင်လာသည်။တစ်နည်းပြောရရင်ကစ်ကို ပီအိမ်သို့လာပို့ပေးသွားတဲ့ရဲလေးဖြစ်သည်။

"ဖော့ရဲ့အမှုကိုပြန်ဖွင့်ချင်တယ်"

"အကြောင်းက"

"ဖော့ကလုပ်ကြံခံရပီးသေသွားတာ အဲ့ကိစ္စအတွက်သူ့ဇနီးကအဓိကတရားခံပဲ"

"အဲ့လိုတော့သတ်မှတ်လို့မရပါဘူး သက်သေမခိုင်လုံရင်ကျနော်တို့လဲဘာမှလုပ်လို့မရပါဘူး"

"အဲ့တာကြောင့်အမှုပြန်ဖွင့်ဖို့ပြောနေတာ"

ထိုသူကဇွန်ကိုသေချာကြည့်ကာ...

"သေဆုံးသူနဲ့ဘာတော်လဲမသိဘူး"

"ဘာမှမတော်ဘူး ဒါပေမယ့်သေဆုံးသူက ငါ့ချစ်သူရဲ့အကို"

System HeyHey(Completed)Where stories live. Discover now