အပိုင်း (၃၈)

Start from the beginning
                                    

"ဖယ်စမ်း...ဖယ်စမ်း...နင့်လက်ညစ်ပတ်နဲ့ ငါ့အင်္ကျီ‌လာမကိုင်နဲ့..."

လူကြီးအားနဲ့ပုတ်ထုတ်ခံလိုက်ရလို့ လက်နာကျင်သွားတာတောင် နာရမယ်မှန်းမသိဘဲ မဟူရာလေးဟာ မျက်ရည်လေးတွေပိုးပိုးပေါက်ပေါက်ကျပြီး ဆက်တောင်းပန်နေလေသည်။...

"သွား...သွား..သွား နင်ပြန်တော့ စိတ်အနှောင့်ယှက်ဖြစ်အောင်လာလုပ်နေတယ်"

အတင်းလက်နဲ့ သွားတော့ဆိုတဲ့ပုံစံနဲ့နှင်ထုတ်နေတာကြောင့် လက်လျော့ရမှန်းမသိတဲ့မဟူရာက ဒူးလေးထောက်လိုက်ပြီး လက်အုပ်လေးချီကာ

"သမီးကဒီလိုမျိုးတောင်းပန်ပါတယ် သမီးတို့ကိုကူညီပါ ဦးလေးရယ် တောင်းပန်ပါတယ် ဘွားဘွားတို့လည်းခုထိအပြင်မှာပဲရှိသေးလို့ပါ ဦး‌ေလးရယ်"

"ဟာ ဒီဟာကတော့ နားလေးနေလားမသိဘူး"

ဆိုကာ ဆိုဖာပေါ်ကနေထလာတဲ့ထိုလူဟာ မဟူရာ့လက်မောင်းကနေဆွဲမလိုက်ကာ အိမ်ရှေ့ခြံတံခါးဝထိတရွတ်တိုက်ဆွဲခေါ်လာတော့သည်။ ခြံပြင်ရောက်တော့မှ မဟူရာ့ကိုယ်လေးကို ဖြစ်သလိုပစ်ချလိုက်ပြီး

"နင်တို့မိသားစုကိစ္စနင်တို့ဘာသာရှင်း ငါ့မှာအဲ့ဒါတွေလိုက်ဖြေရှင်းပေးဖို့ အချိန်မရှိဘူး"

အမြဲတမ်းသွားတောင်းပန်တိုင်းမလိုက်ခဲ့တဲ့ အုပ်ချုပ်ရေးမှူးဦးလှမျိုးဟာ ဒီတကြိမ်လည်းငြင်းမြဲအတိုင်းဆက်ငြင်းနေတုန်းပဲဖြစ်သည်။ ဒါကိုပဲသိနေလို့ ဟိုငမူးကောင်ကတအိမ်လုံးအပေါ်လိုက်အနိုင်ယူနေတာပဲဖြစ်သည်။ ဒေါ်တင်လှရဲ့အလိုလိုက်အကြိုက်‌ေဆာင်ထားတဲ့ကျေးဇူးတွေကလည်း တထောင့်တနေရာကနေပါသေးသည်။ တံခါးကိုဂျိမ်းခနဲပိတ်လိုက်တာကြောင့် တုန်တက်သွားတဲ့မဟူရာ့ခန္ဓာကိုယ်လေးနဲ့အတူ ခုနတည်းကလွင့်သွားတဲ့အသိစိတ်က ခုမှပြန်ကပ်လာသည်။ ထို့ကြောင့် ခြံတံခါးကို လက်သေးသေးလေးနဲ့အားကုန်ထုကာအော်ခေါ်ပြန်တော့ "နောက်တခေါက်ထပ်လုပ်ရင် ပတ်ဝန်းကျင်ဆူညံမှုနဲ့ရဲလက်အပ်ပစ်မယ်" ဆိုပြီး‌ေပြာလာတာကြောင့် ထပ်မလုပ်တော့ဘဲအရင်ဆုံနေကျနေရာဖြစ်တဲ့ လမ်းထိပ်ကကားမှတ်တိုင်လေးကို ခေါင်းငိုက်စိုက်နဲ့သွားလေသည်။ ဒီတခါလည်းမလုပ်နိုင်ခဲ့ပြန်ဘူး...အဘွားတော့ ငါ့ကိုဆူတော့မှာပဲ...

   You're my Aphrodite(ကိုယ့်အချစ်နတ်ဘုရားမလေး)  [Complete]Where stories live. Discover now