အပိုင်း (၂၅)

10.4K 186 13
                                    

"လက္မောင်းကြွက်သားချည်းတွေ ကြည့်ပါဦးဟယ်...မိုက်လိုက်တာ..."

"မထင်ရဘူးနော်...နေ့တိုင်းဝတ်စုံအပြည့်နဲ့ဆိုတော့ ဒီလောက်ကြွက်သားတွေ လုံးဝမမြင်ရဘူး...ဖုံးထားသလိုပဲနော်..."

"ဟုတ်ပါ့...ခုတော့ ထင်းထွက်နေလိုက်တာ...ငါတော့ ကြာကြာကြည့်ရင် ခွေးဘဝဖြစ်တော့မယ်ထင်ပါရဲ့..."

"ဘာဖြစ်လို့လဲဟ...နင့်ဟာကလည်း ကြောက်စရာကြီး..."

"သူ့လက္မောင်းတွေကို ပြေး ပြေးပြီး ကိုက်ချင်လာလို့....ဟီး...ဟီး..."

မဟူရာ့ဘေးနားမှာထိုင်ကာ အရက်သောက်နေကြတဲ့ ကုမ္ပဏီကဝန်ထမ်းမလေးများ....သူတို့ပြောတာကို မဟူရာ မျက်စပစ်ကြည့်လိုက်တော့ သူမ ထင်တဲ့အတိုင်း....ညစာအတွက် အကင်တွေ ကင်နေတဲ့ မင်းတံတိုင်းကို ကြည့်ပြီး ပြစ်မှားနေကြခြင်းပင်....။ သူတို့သရေကျလည်း ကျချင်စရာကို....

နေ့လည်က သူမကို အပေါ်အင်္ကျီချွတ်ပေးလိုက်လို့ လက်ပြတ်တီရှပ်အင်္ကျီနဲ့ပဲ နေ နေတဲ့သူ....ဘာဘီကျူအကင်ချောင်းတွေကို ယူမပြီး ကိုင်လိုက်တိုင်း ဘယ်လောက္မှ သိပ်အားစိုက်စရာမလိုအောင်ကိုပင် ပေါ် ပေါ်လာတဲ့ သူ့ရဲ့လက္မောင်းကြွက်သားတွေက မဟူရာတို့ကုမ္ပဏီကဝန်ထမ်းတွေပဲ သရေကျနေတာမဟုတ်ဘဲ ဒီနေရာကနေ ဖြတ် ဖြတ်သွားတဲ့ကောင်မလေးတွေကလည်း မျက်စိအစာကျွေးကြသေးသည်....။ တခါတခါ ဘာတွေသဘောကျနေမှန်းမသိ ထ ထရယ်လိုက်တဲ့ သူ့အပြုံးက ချိုမြန်မှုတွေနဲ့အပြည့်....

"ဘာတွေ တွေးနေလို့ အဲ့လောက်အပျော်လွန်နေလဲမသိဘူး.....ပြီးတော့ ဒီလောက် ယောက်ျားလေးတွေအများကြီး အကင် ကင်နေတာကို တိုင်းကိုပဲ ဘာလို့ မျက်စိကျနေကြလဲမသိဘူး....ဟွန့်...."

စိတ်ထဲမှာ တွေးမိသွားတာက အပြင်ကိုပေါက်ကွဲထွက်ခြင်းနဲ့အတူ လက္မှာကိုင်ထားတဲ့ အရက်ခွက်ကို ချလိုက်တာက ခွက်ခနဲပင်....။ မဟူရာ့ခွက်သံကြောင့် ပြောနေတဲ့စကားမွစိမွစိများ ရှဲခနဲရပ်သွားလေသည်။ ကိုယ့်ဒေါသနှင့်ကိုယ်မို့ အစကပူထူနေပေမဲ့ ခုမှကိုယ်လုပ်လိုက္မိတာကြောင့် ရှက်လာသလိုလိုတမျိုးဖြစ်နေတုန်း မဟူရာဘာလုပ်ရမှန်းမသိ ဖြစ်နေစဉ်မှာပဲ

   You're my Aphrodite(ကိုယ့်အချစ်နတ်ဘုရားမလေး)  [Complete]Where stories live. Discover now