အပိုင်း (၃၄)

6K 167 5
                                    

"သားအတွက် အာဟာရရှိတဲ့ အစားအစာတွေ ဝယ်လာခဲ့တယ်...သားက စားပါ့မလားမသိဘူး...အဲ့ခလေးက ဂျီးအရမ်းများတာ...."

"စားမှာပါ...မိန်းမရာ...ငါတို့သားက အဲ့လောက်လည်းဂျီးမများပါဘူးကွာ..."

"အဲ့လိုဂျီးများတာက ရှင်နဲ့တူလို့လေ...တကယ်ပဲ ပြောကိုမပြောချင်ဘူး...ခလေးကိုငယ်ငယ်တည်းက စားချင်တာစားဆိုပြီး လွှတ်ထားမှတော့ သားကဂျီးများပြီး မကြိုက်တာဆို မစားတော့ဘူးလေ..."

"အဲ့လိုကိုယ်နဲ့တူလို့ပဲ ကိုယ့်သားက ချောနေတာပေါ့...မိန်းမရဲ့...မဟုတ်ဘူးလား..."

"ရှင်ပဲ ပြောပါတော့..."

နှစ်ဦးသား စကားပြောနေရင်း ချောက်ခနဲပွင့်လာတဲ့ တံခါးသံကြောင့် သားလာဖွင့်တာလို့ ထင်လိုက်ပေမဲ့ တကယ်တမ်း သူမတို့လင်မယားနှစ်ယောက်လုံး မြင်လိုက်ရတာက သားရဲဲ့ရှပ်အင်္ကျီအဖြူရောင်ကို ဝတ်ထားတဲ့ ရွှေအိုရောင်ဆံပင်နဲ့ ကောင်မလေးတယောက်ကိုပင် ဖြစ်သည်။ နှစ်ယောက်လုံးမျက်လုံးပြူးရင်း တယောက်ကိုတယောက်ကြည့်လိုက်ကာ မိန်းမဘက္မှစပြီး

"မိန်းကလေးက ဘယ်သူလဲ??..."

တံခါးကို ဆွဲဖွင့်ချလိုက်တော့ တိုင်းပြောသလို deliသမားမဟုတ်ဘဲ သပ်ရပ်သန့်ပြန့်စွာဝတ်ထားတဲ့လူကြီးနှစ်ယောက်ဖြစ်နေလေသည်။ တံခါးပွင့်လာလို့ ဒီဘက်ကိုလှည့်လာတဲ့သူက မဟူရာ့ကိုမြင်ပြီး မေးလာတဲ့ ဥပဓိရုပ်ကောင်းတဲ့ထိုအန်တီကို ဘယ်သူလဲဆိုတာအဖြေရှာနေတုန်း နောက်ပါးမှ မီးဖိုခန်းထဲက ထွက်လာတဲ့တိုင်းက

"ဝင်ထိုင်လေ...အဖေနဲ့အမေ..."

ဟမ်!!အဖေနဲ့အမေ?? ဒါဆို တိုင်းရဲ့ မိဘတွေပေါ့...!! သေလိုက်ပါတော့...ကိုယ့်အဖြစ်ကို ခေါင်းငုံ့ကြည့်လိုက်ပြီး ခေါင်းတွေခါရမ်းလိုက္မိတဲ့အထိပင်။ တိုင်းရဲ့အင်္ကျီကိုယူဝတ်ထားကာ ဘောင်းဘီတိုဝတ်ထားပေမဲ့ တိုင်းအင်္ကျီက ရှည်နေတာကြောင့် ထိုဘောင်းဘီကိုမမြင်ရ။ ကြည့်လိုက်ရင် အပေါ်ကအင်္ကျီပဲ ဝတ်ထားတယ်လို့ထင်ရတဲ့အထိဖြစ်နေတာမို့လို့ ကိုယ့်ကိုအရှက္မဲ့တဲ့မိန်းခလေးလို့များ ထင်သွားပြီလားမသိချေ။ သွားပြီ။ မဟူရာ နင်တော့သွားပြီ။ နင့်ရဲ့imageတော့ စတွေ့တည်းက ပျက်စီးသွားပြီ။

   You're my Aphrodite(ကိုယ့်အချစ်နတ်ဘုရားမလေး)  [Complete]Onde as histórias ganham vida. Descobre agora