အပိုင်း (၁၇)

6.4K 185 4
                                    

"ကိုယ့်ကိုယ်ကို ဂရုစိုက်ဦး အိပ်ရေးဝဝအိပ် အစားလည်းပုံမှန်စားဦး ကိုယ်မရှိဘူးဆိုပြီး ဟင်းတွေကိုအေးအေးကြီးမစားနဲ့ ပြန်နွေးစားနော် ကြားလား"

"ဒီမှာ မဟူရာသက်သာတာဖြင့် ကြာလှနေပြီ ပူမဲ့ပူ ရှင့်ကိုယ်ရှင်သာ စိတ်ပူရမှာ ဆွစ်ဇာလန်က ရာသီဥတုအေးတယ်မဟုတ်ဘူးလား အဲ့လိုအပါးသားလေးဝတ်လို့ရော အဆင်ပြေရဲ့လား"

မဟူရာနဲ့ တံတိုင်းနဲ့Video callပြောနေရင်း သူကစိတ်ပူကြောင်းတွေဇွတ်ပြောနေတော့ နားမခံသာတော့တာနဲ့ ရှပ်အင်္ကျီအဖြူဝတ်ထားတဲ့သူ့ကို မဟူရာ့ဘက်ကပြန်ချေပလိုက်တဲ့စကား.....

"အဲ့စကားကကိုယ့်ကိုစိတ်ပူလို့ ပြောတာလို့ သတ်မှတ်လိုက်ရမှာလား"

"လာပြန်ပြီ ဒီစကားပဲ ရှင်အဲ့ဒီအကြောင်းတွေချည်းပဲပြောနေတာ ဘယ်တော့ရပ်မှာလဲ"

"မဟူရာ ကိုယ့်ကိုချစ်တယ်လို့ အဖြေပြန်ပေးတဲ့အထိ"

"နည်းနည်းလေး စကားပြောပေးလိုက်တာနဲ့ ရောင့်တက်လာပြီပေါ့ ဘာလဲ နောက်ဆိုvideo callတွေမကိုင်ပဲ နေလိုက်ရမလား"

"အဲ့လိုတော့မလုပ်ပါနဲ့ မမလေးရယ် ရွှေစိတ်တော်မငြိုငြင်လိုက်ပါနဲ့ ဒီကငယ်ကျွန်ကြီးပဲ ပြင်ပါ့မယ် မမလေးနဲ့video callမပြောရရင် ဒီကငယ်ကျွန်ကြီး လွမ်းသေသွားလိမ့်မယ်ဗျ"

"ပြောနေရင်းနဲ့တွေ့လား"

မဟူရာ လက်သီးလေးဆုပ်ပြီး သူ့ကိုထိုးတဲ့ဟန်လုပ်ပြတော့

"ကြောက်ပါပြီဗျ ကြောက်ပါပြီ"

ကြောက်နေတဲ့မျက်နှာအမူရာကို ပိုင်ပိုင်နိုင်နိုင်နဲ့ ပြောနေတဲ့သူ့ကြောင့် မဟူရာအသံထွက်ရယ်မိပြန်သည်။

"ဒါနဲ့ လက်သီးဆုပ်လေးက ပိစိလေးနော် ကိုက်လိုက်ရင် ကိုယ့်တကိုက်စာတောင်မရှိဘူး"

"ဟာ ကြည့်...."

"အဟွန်း...အဟွန်း...ကိုယ် မဟူရာထက်(၅)နှစ်‌ စောပြီးမွေးလာတာပါ ကိုယ့်ကိုယ်ကိုဂရုစိုက်နိုင်ပါတယ် အဲ့ဒါကြောင့်မဟူရာစိတ်မပူနဲ့ ဟုတ်ပြီလား"

"အသက်နည်းနည်းလေးကြီးတာကိုများ ဒါဆိုမဟူရာလည်းအခု(၂၁)နှစ်ရှိနေပြီလေ မဟူရာလည်းကိုယိ့ကိုယ်ကို ဂရုစိုက်နိုင်တယ်"

   You're my Aphrodite(ကိုယ့်အချစ်နတ်ဘုရားမလေး)  [Complete]Where stories live. Discover now