အပိုင်း (၉)

7.1K 191 1
                                    

Unicode##

"ကိုယ့်ကိုလည်း ကားကြုံလိုက်စီးခွင့် ပေးပါလား"

ရုံးဆင်းလို့ ကားပါကင်မှာ ကားတံခါးဖွင့်နေတုန်း ကြားလိုက်တဲ့စကားကြောင့် မဟူရာလှည့်ကြည့်လိုက်သည်။ ထင်တဲ့အတိုင်း မင်းတံတိုင်းပင်။

"လူအမြင်ကတ်တာမခံနိုင်ရင် ရှင် မဟူရာနဲ့ဝေးဝေးနေတာ ကောင်းမယ်ထင်တယ်"

"မနေချင်ဘူးဆိုရင်ရော"

"နေ့လည်ကကိစ္စ ရှင်မကြားတာတော့ မဟုတ်ပါဘူးနော်"

"ဘာကိစ္စလဲ......အော် ဘယ်ကမှန်းမသိတဲ့သူတွေက မဟူရာ့ကိုရန်ရှာသွားတာကိုလား အဲ့ဒါကိုယ်နဲ့ဘာဆိုင်သွားလို့လဲ"

"ရှင့်ကို မဟူရာနဲ့တွဲတွေ့လို့ လူတွေကပြောရင် ဘယ်လိုလုပ်မလဲ"

"အဟွန်း.....ပတ်ဝန်းကျင်တို့လူဆိုတာတွေက ယုံချင်ရင်  မှားရင်တောင် ဇွတ်ယုံတဲ့သူတွေပဲကို အဲ့ဒါတွေထိလိုက်ဂရုစိုက်နေစရာမှမလိုတာ"

သူမတွေးသလိုမျိုး လိုက်တွေးတဲ့သူကို ဒါပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ သူမဒီလိုပြောလိုက်တိုင်း လူအများကလက်မခံကြပေ.....။ ခုတော့သူကလည်း အဲ့လိုတွေးတယ်တဲ့လား........။

"အဲ့လိုပြောလိုက်ရုံနဲ့ မဟူရာ ရှင့်ကိုကားကြုံလိုက်စီးခွင့်မပေးနိုင်ဘူး"

"ဘာလို့လဲ ကိုယ်တို့လမ်းကြုံနေတာပဲကို ကိုယ်ဒီဘက်မှာထိုင်လိုက်မယ်နော်"

သူမတောင် တားချိန်မရ.....ကားပေါ်ကို လေအလျင်လို တက်သွားပြီး မောင်းသူဘေးထိုင်ခုံမှာ အကျအနထိုင်နေတဲ့သူ.....ဘယ်ထဲက လိုက်စီးဖို့ကြံနေလဲမသိဘူး......ပြောမရတဲ့အဆုံးမှာတော့ မင်းတံတိုင်းဟာ မဟူရာ့ကားပေါ်မှာ လမ်းကြုံလိုက်စီးခွင့်ရသွားတော့သည်။......ဟင့်အင်း.....မဟူရာကိုယ်တိုင်ကိုက လိုက်စီးစေချင်တာကြောင့် မတားလိုက်တာဆိုပိုမှန်လိမ့်မည်......။ သူနဲ့ဆို ကျရှုံးသွားတတ်တဲ့နှလုံးသားတစုံကို မာန်တွေနဲ့ထိန်းထားရင်း.......

ဘယ်လောက်ထိမဟူရာ့ကို ထပ်ကျရှုံးဖို့ကြံရွယ်နေတာလဲ........?
~~~~🌸🌸
"ကျွီ....ဒုန်း"

   You're my Aphrodite(ကိုယ့်အချစ်နတ်ဘုရားမလေး)  [Complete]Where stories live. Discover now