အပိုင်း (၁၃)

6.6K 187 1
                                    

"ဒါနဲ့ ကိုယ် အလုပ်ခရီးထွက်စရာရှိတယ် ဒါရိုက်တာချုပ်နဲ့အတူတူ"

ကြက်သားနွှင်နေရင်း သူပြောလိုက်တဲ့စကားကြောင့် ဆန်ပြုတ်ထည့်ထားတဲ့ဇွန်းက ပါးစပ်နားမှာတင် ရပ်သွားလျက်.......။

"ဆိုက္မှာ လူတယောက်အဆောက်ဦးပေါ်က ပြုတ်ကျပြီးဒဏ်ရာရသွားလို့တဲ့"

"ဟယ်!လူရော အဆင်ပြေရဲ့လား"

"အင်း ပြေတယ် နိမ့်တဲ့နေရာကနေဆိုတော့ ခြေထောက်ပဲထိခိုက္မိသွားတယ် ခုကျောက်ပတ်တီးစီးထားရတယ်ပြောတယ်"

"တော်သေးတာပေါ့....ကြီးကြီးမားမားမထိခိုက္မိလို့"

ရင်ဘတ်ကိုလက်နဲ့ဖိပြီး ပြောလိုက်တဲ့သူမလေးကြောင့် တံတိုင်းပြုံးမိသွားသည်.....ကိုယ်နေမကောင်းဖြစ်နေတာတောင်မှပဲ သူများအတွက် စိုးရိမ်ပေးနေသည်။ တံတိုင်းသိတာပေါ့ သူမကအပေါ်ယံသာမာကျောချင်ယောင်ဆောင်နေတာ အတွင်းစိတ်ကနူးညံ့ပြီး စိတ်ထားကောင်းတယ်ဆိုတာကို...

"ဟင်!အဲ့ဒါနဲ့ ရှင်နဲ့ဘာဆိုင်လို့ လိုက်သွားရမှာလဲ မဟူရာကြားဖူးတာ အဲ့လိုဆိုက်တွေမှာ ထိခိုက်သွားတဲ့အလုပ်သမားတွေကို ဥက္ကဌကပဲသွားကြည့်ပေးတာဆို မဟုတ်ဘူးလား"

ဟုတ်သားပဲ....အဲ့လိုမျိုးသူ သွားကြည့်ပေးနေကျကို စီးပွားရေးလောကက လူတွေအကုန်သိသည်။ စီးပွားရေးလောကကသူတွေ သူ့ကို ရိုသေလေးစားရတဲ့အကြောင်းရင်းထဲကတခုဆိုလည်းမမှားပေ။ သူတို့တောင်မလုပ်နိုင်တဲ့ကိစ္စကို လုပ်နိုင်တဲ့သူဆိုပြီး သူ့ကိုချီးကျူးခဲ့တာပေါ့....အလုပ်သမားတွေအပေါ်တော်တော် ဂရုစိုက်တဲ့ဥက္ကဌဆိုပြီးတော့လည်း ဒီလောကမှာအမြဲပြောနေကြသေးသည်။

"အဲ့ဒါတော့မသိဘူး‌ ကိုယ့်ကိုခိုင်းစရာရှိလို့နေမှာပေါ့"

"အော်.....လတ်စသတ်တော့ အဲ့လိုကိုး...."

"ဟူး.....ယုံလို့တော်ပါသေးရဲ့....အကုန်ပေါ်တော့မလို့...."

"ဘယ်နေ့သွားမှာလဲ"

"မနက်ဖြန် မနက်၄နာရီ...."

"အဲ့လောက်တောင် စောလား....."

မဟူရာ့စိတ်ထဲတွင်ပြောလိုက္မိပေမဲ့ အပြင်တော့ထုတ်မပြောခဲ့ချေ။

   You're my Aphrodite(ကိုယ့်အချစ်နတ်ဘုရားမလေး)  [Complete]Where stories live. Discover now