အပိုင်း (၂၉)

6.9K 189 9
                                    

"ငါခိုင်းထားတဲ့ကိစ္စ လုပ်ပြီးပြီလား"

"ဟုတ်ကဲ့ ခိုင်းထားတဲ့အတိုင်း လုပ်ပြီးပါပြီ ဥက္ကဌ"

ပြောရင်း iPadကို စားပွဲပေါ်တင်လိုက်ကာ ရိုသေစွာနဲ့ ထိုသူ၏ အရှေ့သို့တိုးပြီး သတင်းwebsiteတခုကို ပြလိုက်တော့

"အဟွန်း...အဟွန်း...ဒီသတင်းမြင်ပြီးသွားရင် မဟူရာ မင်းတံတိုင်းကို ဘယ်လိုအပြစ်ပေးမလဲဆိုတာကိုပဲ စိတ်ဝင်စားတယ်...ထင်တာမလွဲဘူးဆို မင်းတံတိုင်းကို အဆက်သွယ်တောင် ဖြတ်လောက်တယ်..."

စားပွဲပေါ်က လက်နှစ်ဖက်ကို ထောင်ကာ ဆုပ်ကိုင်လိုက်ပြီး မေးစေ့နဲ့ထိကာ ပြောလိုက်တဲ့သူကတော့ အခြားမဟုတ်...စစ်သည်တော်ပင်ဖြစ်ပေသည်... iPadထဲကသတင်းကိုကြည့်ရင်း ရယ်လိုက္မိတာက

#Royal Group CEO နှင့် Loyal Group CEOတို့၏ စီးပွားရေး တင်းမာမှုအခြေအနေ#...

ဆိုပြီး ခေါင်းစဉ်တင်ထားကာ အောက်ကပုံမှာတော့ မင်းတံတိုင်းနဲ့ စစ်သည်တော်တို့ လေလံပွဲတခုမှာ ဘေးချင်းကပ်ထိုင်နေခဲ့ကာ နှစ်ယောက်ကိုအနီးကပ် ဆွဲရိုက်ထားတဲ့ဓာတ်ပုံပင်ဖြစ်သည်.....

ထိုသတင်းကို သတင်းထောက်ဆီပေးလိုက်သူကလည်း အခြားမဟုတ်...စစ်သည်တော်ကိုယ်တိုင်ပင်ဖြစ်သည်...ဒိတ်ဒိတ်ကြဲစီးပွားရေးလုပ်ငန်းရှင်နှစ်ဦး၏ မျက်နှာကိုမြင်တွေ့ခွင့် ရရုံသာမက ထုတ်လိုက်တဲ့သတင်းစာတိုက်ပါ အမြတ်ကြီးကြီးရသွားနိုင်တဲ့ကိစ္စကို သတင်းသမားတွေက ဘယ်လက်လွတ်ခံပါ့မလဲ....သူမကြောင့်နဲ့ သတင်းတွေကနေ ခြေရာဖျောက်ထားခဲ့တဲ့ စစ်သည်တော်ကိုယ်တိုင် အနစ်နာခံပြီး ဒီသတင်းဖော်ထုတ်ခဲ့ရတာ...

"မင်းတံတိုင်းဘေးကနေ မဟူရာခွာသွားတာနဲ့ ကိုယ့်နားကို မင်းရောက်လာစေရမယ်....မဟူရာ..."
~~~~
ရုံးခန်းထဲကို အလောတကြီးဝင်လာပြီး ဖုန်းတလုံးကိုင်ကာပြေးလာတဲ့ သရဖီ...

"ဟဲ့...ဟဲ့...ရှားရှားပါးပါး ပုံကိုရှာတွေ့ခဲ့ပြီ...ဟဲ့..."

လပ်တော့ပ်နှိပ်ရင်း အလုပ် လုပ်နေကာ အလုပ်များနေတာကြောင့် သရဖီ့ကိုတောင် ပြန်လှည့်မကြည့်နိုင်ဘဲ

   You're my Aphrodite(ကိုယ့်အချစ်နတ်ဘုရားမလေး)  [Complete]Where stories live. Discover now