အပိုင်း (၁၈)

6.6K 169 1
                                    

"ကျစ်!နောက်ကျနေပြီ ဒီအချိန်ဆိုရာရာ အိပ်နေလောက်ပြီ မြန်မြန်မောင်း ရဲနောင် ရာရာတရေးနိုးချင်လည်း နိုးနေနိုင်တယ်"

တံတိုင်းပြောတဲ့စကားကြောင့် ရဲနောင်ရောကောင်းမြတ်ရောမတိုင်ပင်ဘဲ သူ့ဆီအကြည့်ရောက်သွားလေသည်....ကောင်းမြတ်က မျက်နှာကိုမဲ့ရွဲ့ပြီး

"ဒီထက္မြန်မြန်ရောက်ချင်ရင်လည်း flashအစွမ်းရှိမှပဲ ရောက်နိုင်လိမ့်မယ် ဖြစ်ပျက်ပြီးအကဲပိုနေလိုက်တာကွာ မသိရင်မတွေ့တာကြာပြီထင်နေဦးမယ် နှစ်ရက်....နှစ်ရက်....နှစ်ရက်ပဲရှိသေးတာသိလား"

လက်ချောင်းနှစ်ချောင်းထောင်ပြီး တံတိုင်းမျက်နှာရှေ့ကို ဘေးကနေအတင်းလာပြနေတဲ့ ကောင်းမြတ်လက်ကို ပုတ်ထုတ်လိုက်ပြီး

"နှစ်ရက်လည်း လွမ်းတာက လွမ်းတာပဲ တော်ပါကွာ မင်းလိုFaကောင်က ပြောလည်းသိမှာမဟုတ်ဘူး"

"အားနေငါFaဖြစ်တာပဲ လာထိခိုက်နေ ငါချစ်သူတွေ့တော့မှ မင်းရှေ့မှာအသေလာရိုပြမှာ ကြည့်နေ"

"စိတ်မဝင်စားဘူး ငါဒီလောကမှာ စိတ်ဝင်စားတဲ့အကြောင်းဆိုလို့ ရာရာ့အကြောင်းပဲရှိတယ်"

"ပိုကိုပိုတယ်"

ပါးစပ်ကနေမဲ့ရွဲ့ကာ ဟိုဘက်ကားမှန်ဘက်ကို လှည့်ပြီးပြောလိုက်တဲ့ကောင်းမြတ်ကို

"ဘာလဲ လစာနှုတ်‌ခံချင်လို့လား"

"အဲ့ဒါနဲ့ပဲ ငါ့ကိုလိုက်ညစ်နေ ငါနော်....ဟွင်း...ဟွင်း...မင်း ဥက္ကဌဖြစ်နေလို့ကံကောင်းတယ်မှတ် မဟုတ်လို့ကတော့...."

"နေရာပါပျောက်အောင် လုပ်လိုက်ရမလား....တိုးတိုးနေစမ်းပါ နားငြီးတယ် ရဲနောင် ရာရာ့ဆီရောက်ရင်နိုးလိုက် ငါခဏမှေးမလို့"

"ဟုတ်ကဲ့ ဥက္ကဌ"

‌ထိုင်ခုံနောက်ကိုခေါင်းမှီကာ လက်ပိုက်ပြီး မျက်လုံးမှိတ်ပစ်လိုက်တဲ့တံတိုင်းကြောင့် ထပ်ပြောဖို့ပြင်နေတဲ့ကောင်းမြတ်တယောက် ငြိမ်ငြိမ်နေကာ လိုက်ခဲ့ရတော့လေသည်။

ပင်ပန်းမှာပေါ့ အချစ်မွှန် မွှန်နေလို့ ဟိုကနေတောက်လျှောက်ပြန်တဲ့ခရီးစဉ်တလျှောက်လုံး အိပ်တောင်မအိပ်ဘူးလေ။ ဘာထရူးမှန်းလဲမသိ.....
~~~~~
"တံခါးခေါက်လိုက္မှ နိုးသွားရင် ဘယ်လိုလုပ်မလဲ"

   You're my Aphrodite(ကိုယ့်အချစ်နတ်ဘုရားမလေး)  [Complete]Where stories live. Discover now