အပိုင်း (၃၂)

7.6K 198 9
                                    

"ရေဆာလိုက်တာ...."

တံတိုင်း စိတ်ညစ်ညစ်နဲ့ family doctorကိုမပြတော့ဘဲ ပုံမှန်အဖျားထင်ပြီး မနက်ကအကိုက်အခဲပျောက်ဆေးပဲသောက်ပြီး တမနက်ခင်းလုံး အိပ်လိုက်ပေမဲ့ ထင်ထားသလိုတော့ မသက်သာခဲ့....လူတကိုယ်လုံးနုံးပြီး ကိုယ်တွေလက်တွေတောင် မသယ်ချင်သလို ဖြစ်နေလေသည်။ ရေဆာလို့နိုးလာရပေမဲ့ ခုချိန်ထိ အိပ်ယာပေါ်ကနေတောင် မထနိုင်ဘဲ ခေါင်းက ခေါင်းအုံးပေါ်မှာတင်ပဲရှိနေသည်....ဒီရက်နဲ့ဆို ရာရာ့ကိုမတွေ့ရတာ တပတ်ကျော်ကြာခဲ့ပြီ....ရာရာ စိတ်ဆိုးပြေပြီလား သိချင်လို့ ကောင်းမြတ်ဆီကနေတဆင့် စုံစမ်းလိုက်တော့

"မင်းကသာ ဖြစ်နေတာ....မဟူရာက ဘယ်လိုမှတောင်မနေဘူး...စားဝင်သောက်ဝင်နေတာပဲ..."တဲ့။

သူမလေး စားဝင်လို့ပဲ တော်သေးသည်...မဟုတ်ရင် သူ့ကြောင့်ဆိုပြီး တံတိုင်းကိုယ့်ကိုယ်ကို ဒီထက်အပြစ်ထပ်တင်မိဦးမှာ...

ကောင်းမြတ်ကို သူမအကြောင်းမေးတော့

"မင်းရော အဆင်ပြေလား..."တဲ့။

ပြေတယ်လို့ပဲ ခပ်ပေါ့ပေါ့ ဖြေလိုက်တယ်....တကယ်အဆင်မပြေဖြစ်နေတာကိုတော့ ကိုယ့်ကိုယ်ကိုသာ အသိဆုံး....မနက်၊ နေ့လည်၊ ည၊ သုံးနပ်လုံးစာ သူမလေး စားဖို့အတွက် တံတိုင်းအမြဲဟင်းချက်ပို့ပေးခဲ့သည်....သူမကိုလွမ်းတာကြောင့်ရော၊ ညဘက်အန္တရာယ်များမှာစိုးတာကြောင့်ရော သူမညအိပ်ချိန်တိုင်း တံတိုင်းစီး‌နေကျကားပေါ်မှနေကာ မီးပိတ်ထားတဲ့သူမအခန်းကိုကြည့် ကြည့်ပြီး မိုးသောက်ယံမှပြန်ဖြစ်သည်။ သူမအတွက်သာ စားဖို့ချက်ပေးနေခဲ့ပေမဲ့ တံတိုင်းကိုယ်တိုင်ကတော့ စားချင်စိတ်မရှိသလို စားဖို့လည်းမေ့လျော့နေခဲ့သည်။ တံတိုင်းကို ညတိုင်းအဖော်ပြုပေးနေတာကတော့ ဘားထဲမှရှိတဲ့ နှစ်ချို့ဝိုင်ပုလင်းများပင်ဖြစ်သည်။ အရင်က တနေ့တခွက်ပဲ ကျန်းမာရေးအရသောက်တတ်ပေမဲ့ ခုတော့ တနေ့ကို၃ပုလင်းလောက်ကုန်သည်။ 

စဉ်းစားလက်စကိုဖြတ်ပြီး ရေသောက်မယ်ထလိုက်တော့ ကုတင်ဘေးစားပွဲမှာထား ထားတဲ့ ဖန်ခွက်ထဲကြည့်လိုက်တော့ ရေတစက်တောင် ထိုဖန်ခွက်ထဲ ရှိမနေတော့ပေ။ ထို့ကြောင့် ရေထပ်သွားဖြည့်ရန် ထိုဖန်ခွက်ကိုကောက်ကိုင်ပြီးအထ ရုတ်တရက်မူးသွားတာကြောင့် ခန္ဓာကိုယ်ကကုတင်ပေါ်ထိုင်ချလိုက်ခြင်းနဲ့အတူ လက်ထဲမှာရှိတဲ့ဖန်ခွက်လည်း အောက်ကြမ်းပြင်သို့ ခွမ်းခနဲကျကာ ဖန်ကွဲစတို့ ကြမ်းပြင်ပေါ်၌ တစစီပြန့်ကျဲသွားလေသည်။

   You're my Aphrodite(ကိုယ့်အချစ်နတ်ဘုရားမလေး)  [Complete]Where stories live. Discover now