အပိုင်း (၂၆)

9.1K 178 8
                                    

နိုးလာတာနဲ့ မျက်လုံးတောင်မပွင့်သေး....သူမရှိတဲ့နေရာကို လက်နဲ့စမ်းလိုက်ပေမဲ့ မတွေ့တာကြောင့် အိပ်ရာမှချက်ချင်း ကောက်ထပလိုက်တဲ့တံတိုင်း....

တွေ့ပါပြီ....သူရဲ့ခလေးလေး...

ကုတင်ရဲ့အစွန်းဘက္မှာ ကွေးကွေးလေး တံတိုင်းကို ကျောပေးပြီး အိပ်မောကျနေတဲ့သူမလေး...ညကအဖြစ်ပျက်ကို ပြန်တွေးမိရင်း သူမလေး တော်တော်ပင်ပန်းနေလောက္မယ်ဆိုတာ တံတိုင်းခန့်မှန်းမိသည်။ ဥပုသ်စောင့်ရာမှ လွတ်မြောက်လာတဲ့ကျားတကောင်လို ပြုမူနေတာကိုသိပေမဲ့လည်း သူမလေးနဲ့ဆို အမြဲထိန်းမနိုင်ဖြစ်ရလေသည်။ မနက္မိုးလင်းခါနီးမှ အိပ်ချင်လွန်းတဲ့သူမက သူ့လက်ထဲမှာတင်ပဲ အိပ်ပျော်သွားတာမို့ တံတိုင်းလည်းမြန်မြန်အဆုံးသတ်ပြီး ကိုယ်တိုင်လည်းရေမိုးချိုးသန့်စင်ပြီး သူမလေးကိုလည်း သန့်ရှင်း‌ေရး‌ေသချာလုပ်ပေးပြီးမှ အိပ်ယာထဲဝင်ခဲ့တာဖြစ်သည်။

"အဟွန်း...."

တံတိုင်းတချက်ရယ်လိုက်ပြီး သူမအနားကိုတိုးသွားကာ ထိုပုဇွန်ကွေးလေးကို ရင်ခွင်ထဲထည့်လိုက်ပြီး သူမခေါင်းလေးကို သူ့လက္မောင်းပေါ်အုံးစေကာ သူမရဲ့ပြောင်ရှင်းနေသောကျောပြင်ဝင်းဝင်းလေးကို ငုံ့ ငုံ့ပြီး အဆက္မပြတ်နမ်းနေမိသည်....ပြီးနောက် သူမရဲ့ပုခုံးဝင်းဝင်းလေးကို တံတိုင်းနှုတ်ခမ်းဖိပွတ်ဆွဲလိုက် နမ်းလိုက်နှင့် သူမလေးမနိုးအောင်လည်းနမ်းရင်း မနက်ခင်းမှာတင် တံတိုင်းတယောက် အလုပ်များနေရသည်....

"ဟင်းးး....အင်းးး...."

တံတိုင်းသာသာလေးနမ်းနေပေမဲ့  အိပ်ရေးဆတ်တတ်တဲ့သူမကိုယ်လေးက လှုပ်ကာနိုးလာတော့သည်....သူမဘာလုပ်မလဲဆိုတာသိချင်စွာနဲ့ တံတိုင်း မျက်စိမှိတ်ကာ အိပ်ချင်ယောင်ဆောင်လိုက်လေသည်....

"အာ့....ခေါင်းတွေကိုက်လိုက်တာ...."

ဖြည်းညှင်းစွာထလာတဲ့သူမလေးက ခုထိဘေးနားမှာသူရှိနေတာကိုပင် သတိထားမိပုံမပေါ်သေး....

"ဗုဒ္ဓေါ...ငါ ဘယ်လိုလုပ် ဒီလိုပုံစံကြီးနဲ့....တိုင်း ဘေးမှာ...အိပ်နေတာ....ဒါဆို ငါ့ခန္ဓာကိုယ်တွေနာကျင်ကိုက်ခဲနေတာက....!!ဘုရား....!!!"

   You're my Aphrodite(ကိုယ့်အချစ်နတ်ဘုရားမလေး)  [Complete]Where stories live. Discover now