အပိုင်း (၁၆)

6.5K 163 1
                                    

"ကဲ ပြော ဘာပြမှာမို့လို့ video callနဲ့တောင်ခေါ်ပြောရတာလဲ"

"မင်းကိုsurprise(စပရိုက်)တိုက်ချင်လို့လေ"

"ဟင်!ဘာကို?"

သူမပြောလို့မှ မဆုံးလိုက်....တံတိုင်းက သူ့ဖုန်းကို ပြတင်းပေါက်ဘက်လှည့်လိုက်တာမို့....

"ဝါးးးးးး......အရမ်းလှတာပဲ"

ဖုန်းစခရင်မှာ မြင်နေရတဲ့ ရှုခင်းအလှကြောင့် မဟူရာ စားနေတဲ့ဇွန်းကိုတောင် ချပစ်လိုက်သည်အထိပင်ဖြစ်သည်။.. မလှပဲနေနိုင်ရိုးလား မနက်လို့သာဆိုပေမဲ့ ခုထိနေရောင်တောင် မထိုးသေးဘဲ ညဘက်လိုဖြစ်နေကာ အိမ်တိုင်းမှာမီးတွေဖွင့်ထားလို့ ထိန်ထိန်လင်းနေသည်။ ထိုရောင်စုံမီးများကြားထဲနှင်းတွေပါကျနေတော့ သူမမြင်နေရတဲ့ရှုခင်းက အသက်ဝင်နေတဲ့ပန်းချီကားသဖွယ်......အရမ်းတိတ်ဆိတ်နေလွန်းလို့ တချက်တချက် နှင်းကျသံသဲ့သဲ့လေးကိုတောင် သူမဖုန်းထဲကနေ ကြားနေရသေးသည်.....

"ကိုယ့်ရဲ့ surpriseကို ကြိုက်ရဲ့လား မဟူရာ"

ဖုန်းကို အပြင်ဘက်ကိုပဲ လှည့်ထားပြီး မေးလိုက်တဲ့အသံ....

"အင်း အရမ်းကြိုက်တယ် တော်တော်လှတယ် မဟူရာတောင်သွားချင်လာပြီ"

"မပူပါနဲ့ နောက်ဆိုကိုယ်က ရာရာသွားချင်တဲ့နေရာမှန်သမျှ အကုန်လိုက်ပို့ပေးမှာ ရိုးအီသွားတဲ့အထိပေါ့....."

စိတ်ထဲကနေ ပြောလိုက်တဲ့စကားကို တံတိုင်းသဘောကျသွားမိတာက အပြင်မှာတောင် ထုတ်ရယ်လိုက္မိတဲ့အထိ.....

"ဒါနဲ့ နှင်းမုန်တိုင်းရှိတာဆို ခုတော့ပတ်ဝန်းကျင်လေးက တိတ်ဆိတ်အေးချမ်းနေပါ့လား"

"ခုဖြစ်တာက လေယာဉ်လမ်းကြောင်းနဲ့မလွတ်တာမို့လို့ သွားလို့မရတာလေ ပြီးတော့ မုန်တိုင်းဖြစ်တဲ့နေရာ တခုနဲ့တခုမတူဘူးလေ"

"အော် ဒါကြောင့် ဒီနေရာလေးက ငြိမ်းငြိမ်းချမ်းချမ်းလေးဖြစ်နေတာကို ဒါနဲ့၁၀လပိုင်းထဲ ရောက်နေပြီဆိုတော့ ခရစ်စမတ်အတွက်လည်း ပြင်ဆင်နေပြီပေါ့နော်"

"ပြင်တောင်ပြင်ပြီးသွားကြပြီ မဟူရာရဲ့"

"တကယ်!!"

   You're my Aphrodite(ကိုယ့်အချစ်နတ်ဘုရားမလေး)  [Complete]Where stories live. Discover now