အပိုင်း (၃၈)

Start from the beginning
                                    

"နင်တို့ကို မှတ်လောက်သားလောက်အောင်ကို လုပ်မှရမယ် မဟုတ်ရင်ငါပြောတာကို နင်တို့$ဂရုစိုက်တော့မှာမဟုတ်ဘူး"

လို့ ဆိုရင်း အိမ်သာထဲမှာထည့်ဖွက်ထားတဲ့ဓားမကို ထုတ်ယူနေတော့ အဘွားကြီးဒေါ်တင်လှတင်မက မဟူရာ့ရဲ့အမေနဲ့ မဟူရာလေးတို့ စားနေရင်း တန်းလန်းနဲ့ အိမ်အပြင်ကို ထပြေးရလေသည်။

"သွားကြစမ်း ပြန်မလာနဲ့ ပြန်လာလို့ကတော့ ဒီဓားမနဲ့ကိုခုတ်သတ်ပစ်မယ် ငါ×ိုးမသားတွေ"

တံခါးဝကနေ ပုဆိုးကိုရင်အထိဝတ်ထားကာ ဓားမကြီးထောင်ပြီးကြိမ်းဝါးနေတဲ့ထိုငမူးကောင်ဟာ ဒေါ်တင်လှဖူးဖူးမှုတ်ပြီးအလိုလိုက်အကြိုက်ဆောင်ချစ်နေတဲ့ဆိုးပေကောင်ဆိုလည်းမမှား‌ေပ။ ပြေးနေရတာချင်းအတူတူ ဒေါ်တင်လှက မဟူရာ့လက်လေးကို မညှာမတာဆွဲကိုင်လိုက်ပြီး

"သွား အုပ်ချုပ်ရေးမှူးဦးလှမျိုးကို သွားခေါ်လာခဲ့"

လို့ ပြောလိုက်တာကြောင့် မဟူရာလေးက ခလေးအရွယ်နဲ့မလိုက်ဖက်စွာ အသားကုန်ပြေးပြီး အုပ်ချုပ်ရေးမှူးနေအိမ်ကို ရောက်ရှိလာခဲ့ရတော့သည်။ အုပ်ချုပ်ရေးမှူးနေအိမ်မို့ ရပ်ကွက်ကတခုခုအလိုရှိတိုင်း လာကြတာဖြစ်တဲ့အတွက် တံခါးကိုဒီတိုင်းဖွင့်ထားတာကြောင့် အိမ်ထဲကိုတော့မဟူရာ‌ေလးအလွယ်တကူဝင်လို့ရခဲ့သည်။

"ဦးလေးဦးလှမျိုးရေ....ဦးလေးဦးလှမျိုး သမီးတို့ကိုကယ်ပါဦး ဦးလေးသိန်းအောင်က သမီးတို့ကိုဓားနဲ့ခုတ်သတ်မယ်ပြောနေလို့ပါ...ဦးလေးဦးလှမျိုး လိုက်ရှင်းပေးပါဦး..."

ဆိုဖာပေါ်မှာ အခန့်သားထိုင်နေကာ တီဗီကြည့်မပျက်၊ ထမင်းစားမပျက်တဲ့ထိုသူဟာ တချက်လေးမှတောင် မဟူရာ့ဘက်ကိုလှည့်မကြည့်လာခဲ့ပေ။ ဒါတောင် မွှေးပျံ့တဲ့ထမင်းဟင်းနံ့တွေကြောင့် မဆိုသလောက်လေးစားထားတဲ့မဟူရာ့ရဲ့ဗိုက်ဟာ အချိန်အခါနားလည်မှုမရှိဘဲ ဆာလောင်လာလေသည်။ ဒါပေမဲ့လည်းကိုယ့်ဗိုက်ထက် လက်ရှိအခြေအနေကအရေးကြီးနေတာကြောင့် မဟူရာက ဆိုဖာပေါ်မှာတင်ထားတဲ့သူ့လက်ကိုကိုင်ပြီး

"ဦးလေးဦးလှမျိုး...တောင်းပန်ပါတယ် သမီးတို့ကိုကယ်ပါဦး ဦးလေးမှမကယ်ရင် သမီးတို့ဒီနေ့လမ်းအပြင်မှာ နေရမှာမို့လို့ပါ ဦးလေးဦးလှမျိုးရယ်..."

   You're my Aphrodite(ကိုယ့်အချစ်နတ်ဘုရားမလေး)  [Complete]Where stories live. Discover now