ခိမဲရ(Arc -6.1)

Start from the beginning
                                    

(အင်းး ကျစ် စိတ်ရှုပ်ဖို့ကောင်းလိုက်တာ!)

ကိုးလ်းတစ်ယောင်ဆိုဖာပေါ်တွင်လူးလွန့်ကာဆူပုတ်ပီးထလာတဲ့ကောင်လေးကြောင့်အသည်းယားသွားတော့သည်။မသိရင်အိပ်ရေးမဝတဲ့ကလေးလေးစိတ်ကောက်နေသလိုပင်။ခုထိသူ့ကိုမမြင်သေးပဲမျက်လုံးကိုလက်လေးတေနဲ့ပွတ်သပ်နေတာကြောင့် အနားသွားကာထိုလက်လေးနှစ်ဖက်ကိုဆွဲယူလိုက်ပီး...

"မပွတ်နဲ့လေ မျက်စိတေနာသွားမှာပေါ့"

ထိုတော့မှကောင်းကောင်းမျက်လုံးလေးပွင့်လာပီးသူ့ကိုကြည့်ကာမျက်လုံးလေးပြူးသွားတော့သည်။

"ceo!ဟို ဟိုလေ"

"အိပ်ရေးမဝသေးဘူးလား ချာတိတ် မင်းလေးအိပ်နေတာနေ့လည်စာစားချိန်တောင်ရောက်တော့မယ်"

"ဗျာ ဟုတ်လား တောင်းပန်ပါတယ် ဒါနဲ့ကျနော်ဘယ်လိုဒီကိုရောက်လာတာလဲ"

"ချာတိတ် စားပွဲပေါ်မှောက်အိပ်နေလို့ကိုယ်ခေါ်လာတာ"

"အားနာလိုက်တာဗျာ တောင်းပန်ပါတယ်"

"မလိုပါဘူး ချာတိတ်ကအရမ်းအအိပ်မက်တယ်ထင်တယ်"

"မဟုတ်ပါဘူး ကျနော်ကကိုယ်ဝန်ဆိပ်တက်နေတာပါ"

"ဟင်!ကိုယ် ကိုယ်ဝန်?"

"ဟုတ်တယ်ဗျ ၄လရှိနေပီ ၅လနားကပ်နေပီ သိပ်တော့မသိသာသေးဘူး ဒီမှာလေ"

ခိမဲရကသူ့ရဲ့ယူနီဖောင်းလေးကိုလှန်ပြလိုက်တော့ပေါ်လာတဲ့ဗိုက်လေးကခပ်ဖောင်းဖောင်းလေး။လုံးလုံးလေးနဲ့ချစ်ဖို့ကောင်းပေမယ့် သူ့မှာမရယ်နိုင်တော့။သူ့စိတ်ထဲငိုချင်လာသလိုလို ဝမ်းနည်းသလိုလိုကြီးဖြစ်လာသည်။

"ဟို ကလေးအဖေကရော"

"...."

ထိုကောင်လေးရဲ့မျက်နှာကညှိုးကျသွားပီး...

"မရှိဘူး"

"ဟင်?"

"ကလေးအဖေကမရှိဘူး"

"တော်ပါသေးရဲ့"

"ဗျာ?"

"အော် ဟိုဟာ ကလေးအဖေကဆုံးသွားတာလား"

"မသိဘူး"

"ဟင်!"

"မသိဘူးလို့!အ ဟင့် ဟင့် ဘာလို့အတင်းလာမေးနေတာလဲလို့!"

System HeyHey(Completed)Where stories live. Discover now