လဝန်း(Arc -5.4)

Start from the beginning
                                    

ခန္တာကိုယ်အရွယ်စား ညနေကမှဝတ်ထားတဲ့အဝတ်စားတေကြောင့်တခြားသူမဖြစ်နိုင်။နောက်ဆုံးမှာတော့ရှိုင်းအာဏာသည်အခြေနေအားလုံးကိုသဘောပေါက်သွားတော့သည်။သူ့ကိုလိမ်ရမလားဆိုပီးတော့တော့စိတ်မဆိုးရက်ပါ။သူလေးမှာလဲအကြောင်းရင်းတော့ရှိမှာပဲလေ။

"ပြောပါအုံး ဘာလို့ရုပ်ဆိုးချင်ယောင်ဆောင်ရတာလဲ"

"အဲ့တာကလေ.."

"အင်း ကိုယ်နားထောင်နေတယ်"

နောက်ကနေလဝန်းရဲ့ခါးလေးကိုသိုင်းဖက်ကာပုခုံးပေါ်မေးလေးတင်ပီးဆိုလာသည်။

"ကျနော်လဲမလုပ်ချင်ပါဘူး ခဗျားရယ် ဒါတေအားလုံးက​ဒေါ်ငွေခင်တို့သားအမိကလုပ်ခိုင်းလို့လုပ်ရတာပါ"

"ကိုယ့်ကိုယုံလားချာတိတ်"

"ဟင် ယုံတယ်လေ ဘာဖြစ်လို့လဲ"

"ချာတိတ်အကြောင်းတေအားလုံးကိုယ့်ကိုပြောပြပေးပါ တစ်ခုမကျန် ဘာကိုမှမလျှို့ဝှက်ပဲနဲ့"

"အင်း ပြောပြမယ် တကယ်တော့....."

ရှိုင်းအာဏာ လဝန်းရဲ့ဘဝအကြောင်းအားလုံးကိုကြားသိလိုက်ရပီးတော့ ဝမ်းနည်းကာစိတ်မကောင်းဖြစ်မိသည်။ဒီကောင်လေးဘယ်လောက်တောင်အားငယ်နေလိုက်မလဲ။တစ်ဆက်ထဲဟိုသားအမိကိုလဲအရေခွံနွှာချင်စိတ်များတဖွားဖွားဖြစ်လာသည်။

ဒါ့အပြင်ထိုကောင်လေးကိုလာတောင်းတယ်ဆိုတဲ့ကျောင်းသားကြောင့်သဝန်တိုမှုများလဲကပ်ပါလာသည်။ပီးသွားခဲ့ပီဆိုပေမယ့်လဲ နောက်တစ်ခေါက်ထပ်ပေါ်လာပီးသူ့ဆီကလုယူသွားမှာကြောက်နေမိသည်။

"ကျနော့်ကိုစိတ်ဆိုးနေလားဟင် ခဗျားရဲ့အချစ်ကိုလိမ်ယူမိသလိုဖြစ်သွားတယ်"

"ဆိုးတယ် အဲ့တော့ကိုယ့်ကိုတကယ်ချစ်တယ်ဆိုတာသက်သေပြ"

"ဟင် ဘယ်လိုပြရမှာလဲ"

"ဒီလိုလေ"

အမြဲတမ်းနမ်းချင်နေခဲ့တဲ့နှုတ်ခမ်းပါးရဲရဲလေးကိုဖိကပ်လိုက်ပီးခပ်ကြမ်းကြမ်းအနမ်းခြွေလိုက်သည်။လဝန်းကအစကတော့လန့်ကာရုန်းလိုက်မိပေမယ့်ထို့နောက်တွင်အလိုက်သင့်လေးတုံ့ပြန်လာတာကြောင့်ရှိုင်းအာဏာရဲ့လက်တေကလဝန်းရဲ့အကျင်္ီလေးထဲလျှိုဝင်လာသည်။နမ်းနေရင်းနဲ့ပဲအိပ်ရာဆီသွားကာဖြေးညင်းစွာချပေးလိုက်ပီး..

System HeyHey(Completed)Where stories live. Discover now