ယောဝန်း(Arc -4.1)

Start from the beginning
                                    

ထို့နောက်သူ့ရည်းစားဆိုသူနဲ့စကားများကာထွက်သွားတဲ့ကောင်လေးနောက့ကိုထပ်ချပ်မကွာလိုက်သွားသည်။ကားပါကင်ရောက်တဲ့အထိလိုက်လာရင်း...

"ချာတိတ် ခန!"

"ဟုတ်ကဲ့"

"တစ်ယောက်ထဲပြန်လို့အဆင်ပြေရဲ့လား"

"ဟုတ်ပြေ...အဲ မပြေဘူးခဗျားရဲ့ အင်းးခေါင်းကနဲနဲမူးနေသလိုပဲ"

ထိုလူကယောဝန်းရဲ့ယိုင်နဲ့နေတဲ့ကိုယ်လေးကိုတွဲကူပေးကာ....

"ရရဲ့လား ကိုယ့်ကားနဲ့လိုက်ပို့ပေးမယ်နော်"

"မဟုတ်တာ အားနာစရာကြီး ကျနော်Taxiပဲငှါးပြန်လိုက်ပါ့မယ်"

"ရပါတယ်ကွာ အားမနာပါနဲ့ မဟုတ်လဲကိုယ်စိတ်ပူနေရမှာခုနကလူကချာတိတ်နောက်ကိုထပ်လိုက်ပီးမနှောက်ယှက်ဘူးမပြောနိုင်ဘူးလေ"

"အဲ့တာဆိုကူညီပါအုံး ခဗျားကိုပဲအားကိုးရတော့မှာပေါ့"

ထို့နောက်နှစ်ယောက်သားကားပေါ်တက်လိုက်ကြသည်။ကားမောင်းနေတဲ့တစ်လျှောက်လုံးယောဝန်းထိုလူကြီးကို​ငေးကြည့်နေမိသည်။ဘယ်ကမ္ဘာရောက်ရောက်မပြောင်းလဲသွားတဲ့အဲ့ဒီယောက်ျားဆန်ဆန်မေးရိုးကြီးကိုသူအသေကြွေတာ။

"ကိုယ့်နာမည်ကဒွန်ချွန်း"

"ကျနော်ကယောဝန်း"

"ချစ်စရာလေးပဲ"

"အမေပေးထားတာလေ"

"ကိုယ်ပြောတာလူလဲပါတယ်နော်"

"ဟိဟိ"

"ခုနကလူက?"

"အော် သူလား ကျနော်exပါ"

"အော် ချာတိတ်ကိုလိုက်နှောက်ယှက်နေတာလား"

"ဘယ်လိုပြောရမလဲ အဲ့လိုလဲမဟုဘူး ဒီလိုဗျ သူနဲ့ကျနော်ကရည်းစားတေလေ ဒါပေမယ့်သူကကျနော်အချစ်ဆုံးသူငယ်ချင်းနဲ့လဲတွဲနေပြန်ရော"

"ဟင်?"

"ကျနော်ကအဲ့အကြောင်းတေကိုဒီနေ့မှသိတာ သတောင်းစားကြီး!!"

"ဟမ်?"

"အာ ခဗျားကိုပြောတာမဟုဘူး ဟိုခြံခုန်နွားကိုပြောတာ အဟင့် ဖောက်ပြန်စရာလူရှားလို့ကျနော်သူငယ်ချင်းနဲ့တဲ့လား ဟင့် လောကကြီးကရက်စက်လိုက်တာ"

System HeyHey(Completed)Where stories live. Discover now