14(final)

1.1K 45 0
                                    

၅နှစ်ခန့်ကြာပြီးနောက်.......

Secretary:CEO Kim အပြင်မှာ CEO သူငယ်ချင်းရောက်နေပါတယ်။

Th:အဂျီလား လွှတ်လိုက်လေ။

Secretary:ဟုတ်ကဲပါ။

Jm:အဟင့် ထယ်ထယ်!!

ငိုပြီးသူဆီပြေးလာသည်။

Th:ဟင် အဂျီ ။ပြောပါအုံး ဘာလို့ငိုလာတာလဲ။

Jm:ဟင့် ဟိုအဖိုးကြီးပေါ့ ဟင့် ငါကနမ်ဂျွန်းတို့လို ကလေးလိုချင်တယ်လို့ ငါကိုယ်တိုင်မွေးမှာလို့ ပြောလိုက်တာ ငါ့ကိုလေ ရွှတ်* ပတ်ခ်ဂျီမင် မင်းဘာစကားပြောတာလဲ!!  နောက်တစ်ခါအဲ့စကားပြောရဲပြောကြည့်!! ဆိုပြီး အော်လွှတ်လိုက်တာ အီးဟီးး။

ယွန်ဂီပြောတဲ့အတိုင်း လက်အမူအရာတွေနဲ့ လုပ်ပြနေသည်။ထယ်ယောင်းလဲ ဂျီမင့်ကို ဖက်လိုက်ပြီး...

Th:ယွန်ဂီက မင်းကိုချစ်လို့ပြောတာပါကွာ။ငါ့ဆီဖုန်းဆက်ပြီးပြီ ခဏနေလာလိမ့်မယ်။

Jm:ထယ်ထယ်! မင်းကပါသူ့ဘက်ကလား။

နှပ်ချီးပလပွနဲ့ မျက်စောင်းထိုးကမေးနေသည်။

Th:ဟဟ မဟုတ်ပါဘူး ကြောင်ချီးရုပ်ရယ်။

ထိုအချိန် ယွန်ဂီရောက်လာသည်။

Yg:ဆန်မုန့်လေး!!

Jm:ဟွန့်

Yg:ကိုယ်တောင်းပန်ပါတယ်ကွာ။ကိုယ်မအော်လိုက်သင့်ဘူး။ဆော့ဂျင်ကလူကောင်ကြီးပြီးအရပ်ရှည်တော့ မွေးရတာလွယ်တယ်လေ။ကိုယ့်ဆန်မုန့်က သေးသေးညှက်ညှက်နဲ့ တစ်ခုခုဖြစ်သွားရင် ကိုယ်ပဲရင်ကျိုးမှာ။စိတ်မဆိုးပါနဲ့တော့ ။ထ ပြန်ရအောင်နော်။

Jm:မပြန်ဘူး။ကလေးမွေးခိုင်းမယ် ဆိုမှပြန်မယ်။

Yg:ဆန့်မုန့်လေးကလဲကွာ...

ခဏတာတိတ်ဆိတ်သွားသည်။

Yg:အာ့ဆိုဒီလိုလုပ် အငှားကိုယ်ဝန်ဆောင်ခိုင်းလိုက်မယ်လေ။

Jm:အာာာာအဲ့ဒါတွေက နောက်ပိုင်းဇာတ်ရှုပ်လာရင်ဘယ်လိုလုပ်မလဲ။အဂျီကိုယ်တိုင်မွေးချင်တာပါဆိုနေမှ။

ယွန်ဂီ ခဏစဥ်းစားလိုက်ပြီး...

Yg:ဟူးးးးအဲ့ဒါဆို ကိုယ့်စကား နားထောင်ရမယ်။ကိုယ်မစားနဲ့ဆိုမစားနဲ့ မလုပ်နဲ့ဆိုမလုပ်နဲ့ အဲ့လိုနေရမယ်နော်။

One sided friend...Where stories live. Discover now