11

1K 39 1
                                    

ညနေရောက်တော့ ထယ်ယောင်းနိုးလာသည်။သူ့ခါးပေါ်က တင်းကျပ်နေတဲ့တစ်စုံတစ်ခုကြောင့် နောက်ကိုလှည့်ကြည့်လိုက်တော့ ဂျောင်ကုက သူ့ကို အတင်းဖက်ထားခြင်းဖြစ်သည်။

ထယ်ယောင်းလဲ အတင်းရုန်းကာထလိုက်သည်။

Jk:ဟင်ထယ်ယောင်းနိုးပြီလား။

ထယ်ယောင်းကြောင့် နိုးလာတဲ့ဂျောင်ကုက ကုတင်ပေါ်ငုတ်တုတ်ထိုင်နေတဲ့ သူ့ကိုမေးလိုက်သည်။

Th:ဟင် အင်း နိုး....နိုးပြီ။

Yg:ဟေ့ နိုးကြပြီလား။

ရေချိုးခန်းထဲကထွက်လာတဲ့ ယွန်ဂီနဲ့ဂျီမင်။

Jm:ငါတို့နိုးတော့ မင်းတို့ကိုလဲနှိုးမလိုပါပဲ။ကြည့်လိုက်တော့ ဂျောင်ကုကထယ်ယောင်းကို လွတ်ထွက်မတတ်ဖက်ထားလို့လေ။ငါတို့လဲမနှိုးဘဲရေဝင်ချိုးနေကြတာ ဟီး။

ထယ်ယောင်းနဲ့ဂျောင်ကုလဲ ခေါင်းကြီးငုံ့ပြီးဂုတ်ကိုပွတ်ရင်း ရှက်နေကြတုန်း ဂျီမင့်ရဲ့"ရေဝင်ချိုးနေကြတာ"ဟူသောစကားကြောင့် ...

Jk:ရေချိုးခန်းက တစ်ခန်းထဲရှိတာမလား။

Jm:အေးလေ။

Th:ဒါဆိုမင်းတို့က...

Yg:အတူတူချိုးတာလေ။

Th: ဟမ်။

Th, jk:ငါရေသွားချိုးလိုက်အုံးမယ်။

နှစ်ယောက်သား ပါးစပ်ကလဲ ပြိုင်တူထွက် ကုတင်ပေါ်ကလဲ ပြိုင်တူ ထ မိသွားကြသည်။

Jm:ဟဟဟ မင်းတို့ကလဲ အတူတူချိုးမလို့လား။

Th:မဟုတ်...မဟုတ်ပါဘူး။ဂျောင်ကု မင်းအရင်သွားချိုးလေ။

Jk:မင်း...မင်းအရင်ချိုးလေ။ငါက ရပါတယ်။

မကြာမီပေါက်ကွဲတော့မဲ့ဗုံးလို မျက်နှာကြီးနီရဲနေတဲ့ထယ်ယောင်းကြောင့် အရင်သွားချိုးခိုင်းလိုက်သည်။

Th:အင်းအင်း။

ဆိုပြီးရေချိုးခန်းထဲပြေးဝင်သွားသည်။
ㅡㅡㅡㅡㅡㅡㅡ
ညနေစောင်းတော့ ထယ်ယောင်းတို့အုပ်စုကမ်းခြေဘက် လမ်းလျှောက်ထွက်လာကြသည်။

Sr:ဟေး ဂျောင်ကု။

စကပ်တိုလေးနဲ့ ဂျောင်ကုဆီပြေးလာတဲ့ ဆာရာ။

One sided friend...Where stories live. Discover now