7

850 33 0
                                    

အတူသွားအတူလာနဲ့ စိတ်တူကိုယ်တူသူတို့၇ယောက်၊အချောလေးတွေချည်းမို့ ကျောင်းမှာနာမည်တော်တော်ကြီးသည်။

အတန်းထဲပြေးလာတဲ့ဂျောင်ကု...

Jk:ဟျောင့်ထယ်ယောင်း ငါတောင်မစောင့်ဘူးကွာ။ဘယ်ချိန်ထသွားလိုက်တာလဲ။

အတန်းထဲမှာ ဟိုဆော့နဲ့အတူထိုင်နေတဲ့ ထယ်ယောင်းကို ကြည့်၍ပြောလိုက်သည်။

Th:ဟိုဆော့လေ သူတစ်ယောက်ထဲမို့ လာခဲ့ပါခေါ်လို့။ငါမင်းကိုနှိုးခဲ့သားပဲ နှိုးမရတာနဲ့ထွက်လာတာ။

Jk:ဟိုဆော့ မင်းကလဲစောစောစီးစီး ဘာလို့သူများကိုခေါ်တာလဲ။

Hs:အမယ် ငါ့သူငယ်ချင်းငါခေါ်တာလေ။မသိရင်မင်းရည်းစားလုနေတာကျနေတာပဲ ဟွန့်။

Jk:မဟုတ်...မဟုတ်ပါဘူး မင်းကလဲမခေါ်စဖူးမို့ပါ။

ဂျောင်ကုနစ်ယောက်အို့တို့အန်းတန်းနဲ့ ဖြေလိုက်သည်။

နမ်းဂျွန် ဆော့ဂျင်နဲ့ ဟိုဆော့တို့က ၃ ယောက်ခန်းမှာနေကြသည်။

Hs:ဟိုနမ်ဂျင် အတွဲလေ စောစောစီးစီး ဆော့ဂျင်အဖွားရှိတဲ့ အင်ချွန်းကိုသွားမလို့တဲ့ သူတို့က ပြင်ကြဆင်ကြနဲ့ ငါလဲအိပ်မပျော်တော့တာနဲ့ထလာတာ။ဒီရောက်တော့ တစ်ယောက်ထဲ ကြောင်တောင်တောင်နဲ့မို့ ငါ့အချစ်ကလေးကိုခေါ်လိုက်တာပါဗျာ....။

ဟိုဆော့က ထယ်ယောင်းပါးလေးတွေကို လက်နှစ်ဖက်နဲ့ညစ်ပြီး ရမ်းနေတော့...

Th:အ့အ့

Jk:ဟေ့ကောင် ဖြည်းဖြည်းလုပ်ပါကွ။

ဆိုပြီး ဟိုဆော့လက်တွေကို ပုတ်ချလိုက်သည်။

Hs:ဟ ငါသာသာလေး ညစ်တာပါကွ။

Jk:ဘောကို သာသာလေးလား။ဒီမှာ ထယ်ယောင်းပါးတွေရဲတွတ်သွားတာပဲ။

ထယ်ယောင်းပါးလေးတွေကိုင်ရင်းပြောနေတဲ့ဂျောင်ကု။

ထယ်ယောင်းဂျောင်ကုကိုကြည့်ရင်း...

Th's pov:မျှော်လင့်ချက်တွေမပေးပါနဲ့လား ဂျောင်ကုရယ်။

ဟိုဆော့ကတော့"ပိုတတ်ရန်ကော"ဆိုပြီးနှုတ်ခမ်းမဲ့ကာကြည့်နေလေရဲ့။

One sided friend...Where stories live. Discover now