2

900 42 0
                                    

တစ်နေ့တာကျောင်းတက်အပြီး...

ထယ်ယောင်းနဲ့ဂျောင်ကုအဆောင်ပြန်နားကြလေသည်။အဆောင်ကနှစ်ယောက်တစ်ခန်းဆိုတော့ ထယ်ယောင်းနဲ့ဂျောင်ကုနှစ်ယောက်ထဲသာ။

ရေမိုးချိုးအပြီး နှစ်ယောက်သား သူ့ကုတင်ကိုယ့်ကုတင်ဝင်လှဲလိုက်ကြသည်။

ဂျောင်ကုအိပ်ခါနီးထယ်ယောင်းဘက်လှည့်ကြည့်လိုက်တော့ဝက်ဝံရုပ်တွေပါတဲ့ညအိပ်ဝတ်စုံနဲ့၊သူ့အိပ်ယာဘေးမှာလဲ TATAနဲ့Cookie အရုပ်ကတစ်ဖက်တစ်ချက်စီ။

Jk:ထယ်ယောင်း မင်းကလဲ ကလေးကလား အရုပ်တွေနဲ့။

Th:ဘာဖြစ်လဲ။ဟွန့် သူ့ဘေးမှာကျ iron manရုပ်ကြီးနဲ့။

ဂျောင်ကုအိပ်ယာဘေးကစားပွဲပေါ်မှာစာအုပ်တွေနဲ့အတူတင်ထားတဲ့ iron man ကော်ပတ်ရုပ်အသေးလေးကိုကြည့်၍ပြောခြင်းဖြစ်သည်။

Jk:ရား ငါ့အရုပ်ကအသေးလေးလေ။မင်းသာစာဖတ်စားပွဲပေါ်မှာရော အရုပ်တွေပလုံစီနေအောင်ထားတာ။

Th:ကိုယ့်အကြိုက်နဲ့ကိုယ်လေ ဟွန့်။

"ဟွန့်"ဆိုကာနှုတ်ခမ်းထော် မျက်စောင်းထိုးပြီးဟိုဘက်လှည့်သွားလေရဲ့။

ထယ်ယောင်းကခုထိတကယ့်၅နှစ်သားပင်။အခုထယ်ယောင်းကသူနဲ့စတွေ့တုန်းက ၅ နှစ်သားထယ်ယောင်းနဲ့ဘာမှမကွာ။

ㅡㅡㅡㅡㅡㅡㅡㅡㅡㅡ
Flack back**

ဂျောင်ကု ၄ နှစ်ပြည့်မွေးနေ့။

ဂျောင်ကုက ကျောင်းမတက်ရသေးတော့ သူငယ်ချင်းမရှိသေးတာကြောင့် ဂျောင်ကုအဖေရဲ့လုပ်ဖော်ကိုင်ဖက်အနည်းငယ် ၊လမ်းထဲကအိမ်နီးနားချင်းအနည်းငယ်နဲ့မွေးနေ့ပွဲလေးကစည်ကားနေသည်။

ထိုအချိန်kimမိသားစုရောက်လာပြီး

Th's dad: Mr. Jeon...အာန်ညော်။

Jk's dad:ဟာ Mr. Kimတို့ရောက်လာကြပြီ။လာကြလာကြ
အိုး ဒါလေးကခင်ဗျားသားလေးလား။ကုကီနဲ့ရွယ်တူလောက်ပဲ။သားလေးနာမည်ဘယ်လိုခေါ်လဲ။

ဂျောင်ကုအဖေက ကလေးချစ်တတ်သူပီပီ ထယ်ယောင်းလေးအား ပါးလေးဖဲ့ရင်းစကားဆိုသည်။

Th:တားနာမည် ကင်မ်ထယ်ယောင်းပါဂျ။၅ နှစ်ကျေ့တော့မယ်ဂျ။တွေ့ရတာဝမ်းသာပါတယ် ဦးဦး။

One sided friend...Where stories live. Discover now