9

927 37 0
                                    

နောက်နေ့မနက် အတန်းထဲတွင်...

Hs:ဟျောင့် Cinderella မင်းနှုတ်ခမ်းကဘာဖြစ်တာလဲ။မဟုတ်မှလွဲရော.... ဂျောင်ကုနမ်းလိုက်တာလား။အီးဟီး မင်းသားလေးတောင် မနမ်းရသေးတဲ့နှုတ်ခမ်းလေးကို။

ဘာရယ်မဟုတ် စနောက်လိုက်တဲ့ ဟိုဆော့ကြောင့် ထယ်ယောင်း ခေါင်းကြီးငုံ့ပြီး နားရွက်တွေပါ နီရဲလာသည်။ဒါကိုတွေ့တဲ့ဂျောင်ကုက အရှက်ပြေ ဂုတ်ကိုပွတ်ရင်း...

Jk:မဟုတ်...မဟုတ်ပါဘူး။ဘာတွေလျှောက်ပြောနေတာလဲ။အသံဗြဲကြီးနဲ့အော်မနေနဲ့ သူများတွေကြားရင် တကယ်ထင်ကုန်လိမ့်မယ်။

Hs:အေးပါကွာ ဟွန်း။လာ Cinderellaလေး သွားလေ့ကျင့်မယ်။ဟိုကောင်တွေက သွားနှင့်ပြီ။ဟောဒီ့ မင်းသားလေးက Cinderellaလေးကိုစောင့်နေတာပါဗျာ။Let's go!

Th:အင်းအင်း သွားမယ်။

ထွက်သွားတဲ့ ဟိုဆော့နဲ့ထယ်ယောင်း ကျောပြင်လေးကို ငေးကြည့်ရင်း ကျန်ခဲ့တဲ့ဂျောင်ကု။
ㅡㅡㅡㅡ
နေ့လည်ရောက်တော့ ဂျောင်ကုလဲ modelလျှောက်လေ့ကျင့်ရမယ်ဆိုပြီး ထွက်လာခဲ့သည်။

လေ့ကျင့်မဲ့နေရာရောက်တော့ လူစုံလုနီးပါးရောက်နေကြသည်။

Sr:ဂျောင်ကုလာပြီ။အာန်ညော်...

Jk:အာန်ညော်...အမဆာရာ။

Sr:အိုးးဂျောင်ကု...ဆာရာပဲခါ်ပါ။နောက်လဲရင်းရင်းနီးနီးနေရမဲ့လူတွေပဲကို အဟင်း။

All:ဝိုးးးး

မာနကြီးတယ်ဟုသော ရှင်းဆာရာက ဂျောင်ကုကို အရယ်အပြုံးနဲ့ဖော်ဖော်ရွေရွေ ပြောနေပြီး ဂျောင်ကုလက်မောင်းကိုသွားချိတ်တော့ အားလုံး ဝိုးးးခနဲ။

Jk:အာ...ဟုတ်ကဲ့။

သူတို့တွေလေ့ကျင့်ပြီး ဂျောင်ကုနဲ့ဆာရာလဲ အတော်အသင့်ရင်းနှီးသွားကြသည်။

Sr:ဂျောင်ကု၊

လေ့ကျင့်ပြီးလို့အပြင်ထွက်သွားတဲ့ဂျောင်ကုနောက်လိုက်ပြီး ဆာရာကလှမ်းခေါ်လိုက်သည်။

Jk:ဟင်။

Sr:အဆောင်ပြန်တော့မှာလား။

Jk:ဟုတ်တယ် အဆောင်ပြန်မှာ။

One sided friend...Where stories live. Discover now