4

755 36 0
                                    

ထယ်ယောင်းလဲဂျီမင်ခေါ်ရာနောက်လိုက်လာခဲ့သည်။အော်ငိုချင်စိတ်ကိုအတတ်နိုင်ဆုံးထိန်းရင်း..

Th:အဂျီ ဘယ်သွားမလို့လဲဟင်။

Jm:ဘောလုံးကွင်းထဲ။

ဘောလုံးကွင်းထဲရောက်တော့ လူတစ်ယောက်မှမရှိ။သူတို့လဲ အားပေးတဲ့ခုံတန်းမှာ ထိုင်လိုက်ပြီး...

Jm:ထယ်ထယ်~

လက်လေးကိုအုပ်ကိုင်ကာ လေသံပျော့ပျော့လေးနဲ့ခေါ်လိုက်တော့ မော့ကြည့်လာသည်။နီရဲနေတဲ့မျက်လုံးနဲ့နှာခေါင်းကြောင့် ဂျီမင်စိတ်မကောင်းဖြစ်သွားရသည်။

Jm:ထယ်ထယ်ရယ်...ဘယ်ကတည်းကလဲဟင်။ဘယ်ကတည်းက ဂျောင်ကုကို...

Th:သိသွားတာပဲ ဟက်။ဒီလောက်ထိန်းထားတာကို။

Jm:ငါ့ကို..ငါ့ကိုလျှို့ဝှက်ထားစရာမလိုပါဘူး ထယ်ထယ်ရယ်။ရင်ဖွင့်လို့ရပါတယ်။

Th:မသိဘူး။

Jm:ဟင်...

Th:ဘယ်ကတည်းက ဂျောင်ကုကိုချစ်ခဲ့မှန်းမသိဘူး။ဟူးးးးသူနဲ့ငါသူငယ်ချင်းမဖြစ်ခဲ့ရင် ငါတို့လဲမင်းတို့လိုနေနိုင်မယ်ထင်တယ်နော်။ဟူးးး

သက်ပြင်းခဏခဏချပြီး ပြုံးပြုံးလေးပြောနေတဲ့ သူငယ်ချင်းလေး၊ မျက်လုံးထဲမှာလဲမျက်ရည်တွေရစ်ဝဲလို့။

Th:အစကယောက်ျားလေးချင်းတွဲတာကို ဂျောင်ကုကန့်ကွက်မယ်ထင်ခဲ့တာ။အဲ့တာကြောင့် ငါ့ခံစားချက်တေမြိုသိပ်ခဲ့တာ။အခုသူ့ဆီကမကန့်ကွက်ဖူးဆိုတဲ့စကားကြားတော့ ငါအရမ်းဝမ်းသာခဲ့တယ်။ငါလဲသူ့ကိုဖွင့်ပြောမယ်ဆိုတဲ့ထိအတွေးဝင်ခဲ့သေးတယ်။ဟက် အဲ့အတွေးတွေမကြာပါဘူး တစ်စစီဖြစ်သွားပါပြီ။

လက်ကိုနောက်ပစ်ပြီးထိုင်ခုံပေါ်ထောက်ထိုင်ရင်း သူ့ကိုယ်သူလှောင်ပြုံးပြုံးလိုက်သည်။"ဟက်"ကနဲအသံထွက်လာပြီးတဲ့နောက် မျက်ရည်တစ်ပေါက်လိမ့်ဆင်းသွားပြန်သည်။

Jm:ထယ်ထယ်ရယ်~အရမ်းခံစားခဲ့ရမှာပဲ။

ဆိုပြီးထယ်ယောင်းကိုဖက်ထားလိုက်သည်။ထယ်ယောင်းလဲဂျီမင့်ကိုပြန်ဖက်ပြီး...

One sided friend...Where stories live. Discover now