6

886 39 0
                                    

Th:ဟင်...ချစ်ဖူးတယ်။ဘယ်သူ...ဘယ်သူ့ကိုလဲဟင်။

Jk:မင်းလေ။

ဂျောင်ကုစကားကြောင့် မျက်လုံးအဝိုင်းသားနဲ့ကြည့်နေတဲ့ထယ်ယောင်း။

Th:ငါ...ငါ့ကို။

Jk:အင်းလေ။ငါ့မှာငယ်ငယ်ထဲက မောင်နှမလဲမရှိတော့ မင်းနဲ့ပဲနေခဲ့ရတယ်လေ။ငါကလဲမင်းကို အကိုလိုရော၊ညီလေးလိုရော၊သူငယ်ချင်းလိုရော ချစ်တာပေါ့ ထယ်လုံးလေးရ။

သူ့နှာခေါင်းလေးကို လာညှစ်ပြီး ပြောလိုက်တဲ့ဂျောင်ကုစကားကြောင့် ခုနကရင်ခုန်နေတာတောင်ကြက်ပျောက်ငှက်ပျောက်။

Th:ဟာ...မဟုတ်ဘူးလေ။ငါပြောတာက ချစ်သူလို့၊လက်တွဲဖော်လို ချစ်တဲ့အချစ်ကိုပြောတာ။

Jk:ဟင်...အဲ့လိုကတော့မချစ်ဖူးပါဘူး။ဘာလဲမင်းက ချစ်ဖူးလို့လား။

Th:အင်း။

ထယ်ယောင်းရဲ့"အင်း"ဆိုတဲ့စကားကြောင့် အနည်းငယ်တုန်လှုပ်သွားတဲ့ဂျောင်ကု။

Jk:တကယ်...တကယ်လားဟင်။

Th:အင်း တကယ်။ငါ့ဘက်က one sided ပါပဲ။

Jk:မင်းဖွင့်မပြောဘူးလား သူ့ကို။

Th:ဟက် ပြောလဲဘာထူးမှာလဲ။မျှော်လင့်ချက်မဲ့နေပြီကို။

နာကျင်မှုအရိပ်အယောင်နဲ့ ပြောနေတဲ့ထယ်ယောင်းကို ဂျောင်ကုကြည့်ရင်း ဘယ်ဘက်ရင်အုံက အောင့်လာခဲ့သည်။

Jk's pov:ဘာလို့ ငါ့ရင်ဘတ်က အောင့်နေတာလဲ။
ငယ်ထဲက အတူနေလာတဲ့ သူငယ်ချင်းမို့ လား။သူငယ်ချင်းတစ်ယောက်ဆုံးရှုံးရမှာကြောက်နေတာလား။

ဂျောင်ကုသူ့စိတ်နဲ့သူဝေခွဲမရဖြစ်နေစဥ်...

ရှူးးးးးးးးဒိုင်းးးး**

Th:ဟာ..ဂျောင်ကုမီးပန်းတွေဖောက်ပြီ။ဟိုမှာကြည့် ။ဝါးးးးးလှလိုက်တာ။

ရှူးးးးးးးးးးဖောင်းးးးး*

ဂျောင်ကုလဲထယ်ယောင်းလက်ညိုးညွှန်ပြတာကြည့်ပြီး ထယ်ယောင်းကိုပြန်ကြည့်လိုက်တော့...

Jk's pov:အဲ့ မီးရှူးမီးပန်းတွေထက် မင်းမျက်လုံးထဲက မီးရှူးမီးပန်းတွေကပိုလှသလိုပဲ။

One sided friend...Where stories live. Discover now