ရော်မန်(Arc -3.1)

Start from the beginning
                                    

"sryပဲ သူကငါနဲ့လိုက်မှာ ဟုတ်တယ်မလား ခဗျား"

ဟင်နရီမှာကြားထဲကကြောင်တောင်တောင်ကြီးဖြစ်နေသည်။

"ပရော်ဖက်ဆာကနင်နဲ့လိုက်မှာမဟုဘူး နင်ပြန်လိုက်တော့!"

"ပြန်ရမှာမင်း!!"

"နေကြအုံး!မင်းတို့နှစ်ယောက်ကအသိလား"

ဟင်နရီမေးလိုက်တော့...

"အဲ့ကောင်ကသမီးကိုအတင်းလိုက်နှောက်ယှက်နေတာ ပရော်ဖက်ဆာကိုသမီးသဘောကျမှန်းသိလို့တမင်ဒုက္ခပေးချင်နေတာ သမီးကိုစေတနာနဲ့ဝင်ပြောနေတာပါ"

"သမီး သမီးနဲ့ ဘာသမီးလဲ လူကြည့်တော့စီလီကွန်အပြည့်နဲ့ ကလေးအကွက်တေသုံးမယ်ဆိုရှေ့ကဖယ်ပါသမီးလေး မင်းအဖေနှစ်ယောက်သွားစရာရှိသေးတယ် ဟိုလူ ခဗျားတက်မှာလား မတက်ဘူးလား!"

"တက်မယ်"

"လာ မြန်မြန်"

ဟင်နရီဆိုင်ကယ်ပေါ်ရောက်တော့မှဂျနီဖာအားအောင်နိုင်သူအပြုံးကြီးနဲ့လျှာထုတ်ပြကာမောင်းထွက်သွားတော့သည်။ကျန်ခဲ့တဲ့ဂျနီဖာမှာဒေါသထွက်ကာဆွေ့ဆွေ့ခုန်နေသည်။

"ခဗျား!"

"ဟင် ချာတိတ်"

"ခါးကိုဖက်ထား ပြုတ်ကျရင်တာဝန်မယူဘူးနော်"

"ဖက်လို့ရလား"

"ဖက်လို့လဲရတယ် ကိုင်လို့လဲရတယ်ကြိုက်တာလုပ်"

ဟင်နရီရဲ့သန်မာတဲ့လက်တစ်စုံကသူ့ခါးပေါ်ရောက်လာကာခပ်တင်းတင်းဖက်လာသည်။ထို့နောက်လူသိပ်မရှိတဲ့ကော်ဖီဆိုင်လေးတစ်ဆိုင်ရှေ့တွင်ရပ်လိုက်သည်။ဆိုင်လေးကတစ်နိုင်တစ်ပိုင်လေးဖွင့်ထားတာဖြစ်ပီးအပြင်အဆင်ကသပ်ရပ်လှသည်။

"ချောကလပ်မစ်ရှိတ်နဲ့ခရင်ကိတ်တစ်ပွဲ!ခဗျားရောတစ်ခုခုမှာလေ"

"အမေရိကာနိုတစ်ခွက်"

"ခဗျားကဂျနီဖာနဲ့အရမ်းရင်နီးတာလား"

"သူကကိုယ့်တပည့်ပါပဲ"

"ခဗျားသူ့အပေါ်ဘယ်လိုမြင်လဲ"

"တပည့်တစ်ယောက်လို့ပဲမြင်တယ် သူ့ဘက်ကဘယ်လိုရှိရှိကိုယ့်အတွက်ကတော့သူကတပည့်တစ်ယောက်ထက်မပိုဘူး"

System HeyHey(Completed)Where stories live. Discover now