ချင်းရန်(Arc -2.6)

Start from the beginning
                                    

ချင်းရန်ထိုလူရိပ်ကြောင့်ခေါင်းအသာခါလိုက်ကာပုလင်းလေးကိုသူ့ဝတ်ရုံထဲထည့်လိုက်ပီး..

"ကောင်းပီလေ ဒီညပဲလုပ်ငန်းစကြတာပေါ့"

စကားအဆုံးခေါင်မိုးပေါ်ကလူရိပ်ကာပျောက်ကွယ်သွားပီးဥယျာဉ်တော်ကအပင်အောက်တွင်ထိုင်ကာမျက်ရည်များတသိမ့်သိမ့်ကျဆင်းလာတော့သည်။လူတိုင်းမှာချစ်ခြင်းမျိုးစုံရှိတယ် အဲ့ထဲမှာမှသူ့အချစ်ကပေးဆပ်ခြင်းနဲ့အချစ်မျိုးသာဖြစ်သည်။ချင်းရန်ကသာသေစေချင်ရင်သူသေပေးလိုက်မှာပင်။ရှင်ဘုရင်တစ်ပါးကငိုတယ်တိုတာသိပ်တော့ကြားမကောင်းပေမယ့်အလိုလိုစီးကျနေတဲ့မျက်ရည်တေကိုတော့သူမသုတ်ပစ်တော့ပါ။အတန်ကြာသည်အထိငိုလို့ဝတော့မှ ရေတံခွန်မှရေနဲ့မျက်နှာသစ်လိုက်ပီး စားဖိုဆောင်ကိုသွားကာချင်းရန်အတွက်နေ့လယ်စာယူပေးဖို့မမေ့ခဲ့။

•°•°•°•°•°•°•°•

At night

ဖန်ရှီးဟန်ထုံးစံအတိုင်းချင်းရန်ရဲ့ကိုယ်လေးကိုသူ့ရင်ခွင်ကြီးထဲမှီစေကာအမြတ်တနိုးသိမ်းကြုံးဖက်ထားသည်။ဒါဟာနောက်ဆုံးအထိတွေ့ဖြစ်တာကြောင့်တစ်စက္ကန့်လေးတောင်အလွတ်မခံချင်ပါ။

"ခဗျား ခနလွှတ်ပါအုံး"

"ခနလေးပါပဲ ဒီလိုလေးခနနေချင်လို့ပါ"

"ပီးရင်နေရပါမယ် ခဗျားရယ် ခနလွှတ်ပါ ခဗျားအတွက်ကျနော်သေရည်စီစဉ်ထားပေးတယ်"

"ဟုတ်လား ကိုယ်မြည်းကြည့်ဖို့မစောင့်နိုင်တော့ဘူး"

ထို့နောက်ဖက်ထားတာကိုလွှတ်ပေးလိုက်တော့သည်။ချင်းရန်သူပြင်ဆင်ထားတဲ့သေရည်ခွက်ကိုယူကာဖန်ရှီးဟန်အားကမ်းပေးလိုက်သည်။

"ရော့ ခဗျားအတွက်"

"ဒါမသောက်ခင်ကိုယ့်ကိုအနမ်းတစ်ပွင့်လောက်ပေးပါလား သေရည်ကပိုအရသာကောင်းသွားအောင်လေ"

"အရင်သောက်ပါဆို"

"သဘောအတိုင်းပါ"

*နောက်ဆုံးအနမ်းတစ်ပွင့်တောင်မပေးချင်တော့ဘူးလားချာတိတ်ရယ်*

ဖန်ရှီးဟန်သေရည်ခွက်ကိုမော့ချလိုက်ကာချင်းရန်ကိုသာကြည့်နေသည်။နောက်ဆုံးထွက်သက်အထိမင်းလေးမျက်နှာကိုပဲမြင်သွားရင်ကိုယ်ဘဝကူးကောင်းနိုင်တယ်လေ။ခနနေတော့သူ့အစာအိမ်ကနေတစ်ဆင့်လည်ချောင်းအထိပူလောင်လာတော့သည်။

System HeyHey(Completed)Where stories live. Discover now