စိမ့်စမ်းရေ(Arc -1.6)

Start from the beginning
                                    

"ခဗျားအကြောင်းတေပြောပြချင်လားဟင်"

"အင်း ခုနကသားအမိကကိုယ့်မိထွေးနဲ့မယားပါသမီးလေ သူတို့ကကိုယ်အဖေကိုအပိုင်ဖမ်းပီးအိမ်ပေါ်တက်နေနေကြတာ ပီးတော့ကိုယ့်အဖေရှာသမျှဒိုင်ခံထိုင်ဖြုန်းနေတယ် လောင်းကစား ဖဲဝိုင်းဘာတစ်ခုမှမလွတ်ဘူး အဖေလဲအဲ့စိတ်နဲ့ပဲ ရိပ်သာဝင်သွားပီးကိုယ့်ကိုအမွေတေအကုန်လွှဲပေးခဲ့တယ် အဖေကတာဝန်ယူစိတ်အပြည်ရှိတဲ့လူကောင်းတစ်ယောက်မို့သူတို့ကိုယ့်မိထွေးကိုကွာရှင်းဖို့လုံးဝမပြောခဲ့ဘူး နောက်ဆုံးသည်းမခံနိုင်တော့မှရိပ်သာဝင်သွားခဲ့တာ"

"ခဗျားအဖေကိုလွမ်းလားဟင်"

"လွမ်းပေမယ့် အဖေကအေးအေးချမ်းချမ်းနဲ့ တရားအားထုတ်နေပီလေ သူ့အတွက်ကိုယ်ဝမ်းသာပါတယ် တစ်ခုပါပဲ ကိုယ့်အနားမှာကိုယ့်ကိုချစ်ပေးပီးဂရုစိုက်ပေးမဲ့သူမရှိတော့ဘူးလေ ကိုယ့်အဖေရိပ်သာဝင်နေတာ၂နှစ်ကျော်ပီ အဲ့၂နှစ်အတွင်းကိုယ်အရမ်းအထီးကျန်တာ ကိုယ့်အနားမှာအယောင်ဆောင်အချစ်တေပဲရှိခဲ့တာ"

တကယ်ကြီးမျက်ရည်တေဝဲကာပြောနေတဲ့သက်ပိုင်ကြောင့်စိမ့်စမ်းရေလဲငိုချင်လာတော့သည်။

"အခုတော့ကိုယ့်အနားမှာချာတိတ်ရှိနေပီ ကိုယ့်ဘဝကတစ်ဖန်ပြန်ပီးစိုပြည်လာပီ ချာတိတ်ကိုယ့်အနားကနေထွက်မသွားပါနဲ့နော် မဟုတ်ရင်ကိုယ်ရူးမှာပဲ"

"ခဗျား.."

"ကိုယ်ချာတိတ်ကိုချစ်မိနေပီ"

(မီးမော်❗ မီးမော်❗mission အောင်မြင်ပါပီhost)

(သပ လန့်တာ ဒီမှာfeelနေပါတယ်ဆို!!)

(hostကလဲ အော်မယ်ဆိုတာကြီးပဲ)

"ကိုယ့်ကိုစိတ်ဆိုးသွားလားဟင် ဒီအခြေနေကိုအခွင့်ကောင်းယူတယ်ဆိုပီးထင်သွားပီလား"

"ဟိုလေ.."

"ကိုယ် ချာတိတ်ကိုတွန်းအားမပေးပါဘူး ချာတိတ်သဘောပါ ဒါပေမယ့်တစ်ခုတော့ကတိပေးပါ ကိုယ့်အနားကထွက်မသွားပါနဲ့နော် နော် ကတိပေးပါလားဟင်"

စိမ့်စမ်းရေလက်ကိုဆုပ်ကိုင်ကာတောင်းဆိုနေတဲ့သက်ပိုင်အားသူမငြင်းရက်တော့တာကြောင့်လက်ခံလိုက်သည်။

System HeyHey(Completed)Where stories live. Discover now