စိမ့်စမ်းရေ(Arc -1.4)

Start from the beginning
                                    

"မရှိတော့ဘူး ပီးပီ"

"အော် ဒါဆိုပြန်မှာမလား ပြန်လေ နောက်ကျနေပါ့မယ်"

"ခဗျားကရော"

"ကိုယ်ကအတန်းချိန်ရှိသေးပေမယ့် မတက်နိုင်တော့လို့ခွင်ယူပီးပြန်မလို့"

"အစကတည်းကနေမကောင်းတာကိုအိမ်မှာပဲနေပေါ့ ခဗျားရဲ့"

"ဟူးး အိမ်မှာနေရင်ပိုအထီးကျန်လို့ပေါ့ချာတိတ်ရယ် အိမ်မှာကိုယ့်ကိုပြုစုမယ့်သူလဲမရှိဘူး တစ်ယောက်ထဲနေနေရမဲ့အတူတူ ကျောင်းလာတော့ချာတိတ်မျက်နှာလေးကိုမြင်ရပီးရောဂါတစ်ဝက်သက်သာတာပေါ့"

ဒုတ် ဒုတ်

*ရှီး!!!ရင်တောင်ခုန်တယ် ဒီလူဘာလား!*

"အဟွတ် ခုလဲဘယ်သူမှမရှိတဲ့အိမ်ကိုပြန်ပီးကိုယ့်ဘာသာပဲပြုစုရအုံးမှာပေါ့လေ ဟူးး အားငယ်လိုက်တာ အဟွတ် အဟွတ်"

ချောင်းတဟွတ်ဟွတ်ဆိုးပြကာမျက်နှာငယ်လေးနဲ့သက်ပိုင်ကိုကြည့်ရင်းစိမ့်စမ်းရေသနားလာသည်။ဘယ်လောက်ပဲသန်မာတဲ့သူဖြစ်နေပါစေ နေမကောင်းတဲ့အချိန်မှာတော့အားငယ်ကြမှာပဲလေ။စိမ့်စမ်းရေသနားလဲသနားစိတ်လဲပူတာကြောင့်...

"ဟို ကျနော်ခဗျားကိုအဖော်လာလုပ်ပေးရမလား"

"ရပါတယ် ချာတိတ်ရယ် ကိုယ့်ထိုက်နဲ့ကိုယ့်ကံလွှတ်ထားလိုက်ပါကွာ ကိုယ့်ကိုမင်းလေးစိတ်ဆိုးနေသေးတယ်မလား အဟွတ် ကိုယ်အဆင်ပြေ အဟွတ် ပါတယ်"

"ဘယ်မှာပြေနေလိုလဲ ဒီလောက်ချောင်းဆိုးနေတာကို မရှည်နဲ့လာမယ်ဆို လာမယ်ပေါ့!စေတနာကိုမစော်ကားနဲ့!ခဗျားပြန်နှင့် ကျနော်အိမ်မှာအဝတ်စားပြန်ယူအုံးမယ် ခဗျားကိုညလာစောင့်အိပ်ပေးမယ်ကြားလား!"

"ကျေးဇူးပါချာတိတ်ရယ်"

"မလိုပါဘူး ကျနော်ကစိတ်ထားကောင်းတဲ့စွချောကြီးလေ ဟဲဟဲ"

>>>>>>>>

"ဒါကိုယ့်အိမ်ပဲ အထဲဝင်လေချာတိတ်"

ခြံဝန်းအကြီးကြီးထဲကနန်းတော်အလားကျယ်ဝန်းတဲ့တိုက်ခန်းကြီးကြောင့်စိမ့်စမ်းရေပါးစပ်အဟောင်းသား။

System HeyHey(Completed)Where stories live. Discover now