စိမ့်စမ်းရေ (Arc -1)

Start from the beginning
                                    

အခန်းထဲဝင်လာတဲ့ခပ်ချောချောလူအားစိမ့်စမ်းကြည့်လိုက်မိတော့။T-shirtအဖြူကိုဂျင်းဘောင်းဘီအနက်နဲ့တွဲဝတ်ထားပီးတောင့်တင်းတဲ့ရင်အုပ်မေးရိုးကားကားနဲ့ယောက်ျားပီသလွန်းတယ်။လက်ရှည်ကိုခေါက်တင်ထားတာကြောင့်ထောင်ထွက်နေတဲ့သွေးကြောတေက ကျွတ် ကျွတ်။

(အဖြောင့်ကြီး ပါးစပ်လေးပိတ်လိုက်ပါအုံး)

(အဟမ်း ငါကအားကျလို့ကြည့်တာ မင်းလျှောက်တွေးမနေနဲ့)

သက်ပိုင်ရုံးခန်းနဲ့ဝင်လိုက်တာနဲ့ ဆံပင်ဘုတ်သိုက်ဖြစ်နေတဲ့ရွှန်းလဲ့ထက်သူမဘေးမှာထိုင်နေတဲ့လုံးလုံးလေးကိုသာအာရုံရောက်သွားသည်။ဂုတ်လောက်ထိရှည်နေတဲ့ဆံပင်ကရန်ဖြစ်ထားတာကြောင့်ဖွာလန်ကျဲနေပီးတကိုယ်လုံးလဲဖုန်အလူလူးနဲ့တကယ့်ကိုအပေတေလေးအတိုင်းပင်။နှုတ်ခမ်းကိုတစ်တောင်လောက်ဆူထားရင်းပွစိပွစိလုပ်နေတဲ့သူလေးရဲ့ပါးပြင်လေးထက်မှာအစင်းရာကြီးတွေ့လိုက်တော့သူ့စိတ်ထဲဘဝင်မကျဖြစ်သွားသည်။

"ဟုတ်တယ် မောင်သက်ပိုင် မင်းညမနဲ့ဒီကကောင်လေးကကျောင်းဝင်းထဲမှာနပန်းလုံးနေကြတယ် အဲ့တာကြောင့်အုပ်ထိန်းသူဖြစ်တဲ့မင်းကိုခေါ်လိုက်တာ"

"အဟင့် ကိုကို ညမလေးကိုလေသူကဆံပင်ကိုဆောင့်ဆွဲတာအရမ်းနာတာပဲ ဟင့်"

"မင်းအရင်လာဆွဲတာလေ ခဗျားညမကိုခဗျားဘယ်လိုဆုံးမထားတာလဲဟမ် သူများသားသမီးကိုအရင်ပါးလာရိုက်တဲ့အပြင်ဆံပင်လဲလာဆွဲတယ် ခုကျပြန်တော့လဲသူခံရတဲ့အတိုင်းကလိမ်ကကျစ်ကျနေတယ်"

"ကိုယ်တောင်းပန်ပါတယ်"

"ကိုကို!"

"မင်းပါးစပ်ပိတ်ထားရွှန်းလဲ့!မင်းလဲသူ့ကိုတောင်းပန်လိုက်"

"ဘာလို့ညမလေးကတောင်းပန်ရမှာလဲ ညမလေးမှမမှားတာ"

"ရတယ်လေ မင်းမတောင်းပန်ရင်ဒီလအတွက်ဘဏ်ကတ်ကိုငါသိမ်းတယ်"

"ကိုကို!ကျစ် တောင်းပန်တယ် ရပီလား!"

စိမ့်စမ်းဘက်လှည့်ကာဆောင့်အောင့်ပီးပြောတဲ့ရွှန်းလဲကြောင့်...

System HeyHey(Completed)Where stories live. Discover now