"အခုတော့ ယွန်းဂီခနအနားယူလိုက်အုံးနော် ကိုယ်ကစားဖို့အတွက်တစ်ခုခုသွားဝယ်လိုက်အုံးမယ်။"

"ရပါတယ်..ကျွန်တော်ဘာမှစားချင်စိတ်မရှိဘူး"

"အင်းပါ...ကိုယ်လည်းယွန်းဂီခံစားချက်ကိုနားလည်ပါတယ်။အခုချိန်မှာဘယ်လိုလုပ်ပြီးစားဝင်ပါ့မလဲ??။"

"ဟို...ကျွန်တော်တစ်ယောက်ထဲနေချင်လို့"

"အာ...အဲ့တာဆိုအေးအေးဆေးဆေးအနားယူနော်။ကိုယ်လည်းအပြင်ခနသွားလိုက်အုံးမယ်"

"အရမ်း...ကြီး နောက်မကျနဲ့နော်~"

ကိုယ့်ရဲ့လက်ကလေးကိုကိုင်ကာတိုးတိုးလေးပြောလိုက်တဲ့ ယွန်းဂီကြောင့်ဂျောင်ကုလည်းပြုံးရင်းခေါင်းငြိမ့်မိတယ်။အခုချိန်မှာယွန်းဂီဘယ်သူ့ကိုအလိုအပ်ဆုံးလဲဆိုတာကျွန်တော်သိတယ်။ ဒါ့ကြောင့်သူ့လက်လေးကိုပြန်ကိုင်လိုက်ပြီး

"ကိုယ်...မြန်မြန်ပြန်လာခဲ့မယ်နော်"

"အင်း ဂရုစိုက်ပြီးကားမောင်းပါ"

ဒီနေ့မှာတော့ ဂျောင်ကုသူလုပ်လိုက်တဲ့အရာတွေအားနောင်တဆိုတဲ့စိတ်ကလေးမဝင်မိလေအောင်လို့ ယွန်းဂီကလမ်းပြနေသလား။သူ့အတွက်မဟုတ်ပဲကိုယ့်ကိုစိတ်ပူပန်နေတာလေးက ဘယ်အရာနဲ့မှလဲလို့မရနိုင်တဲ့အရာလေးတွေ။သူ ယွန်းဂီကိုချစ်မိတာဒီအချက်လေးတွေကြောင့်လို့ပဲပြောရမယ်။ရိုးလည်းရိုးသလို တစ်ခုခုဆိုလည်းလူကြီးတစ်ယောက်လိုပူပန်နေတတ်သေးသည်။ဒါ့ကြောင့်သူလည်း ယွန်းဂီကိုအကို့ထက်ပိုပြီးချစ်မိပါရဲ့။

>>>>>>>>>>>>

ယွန်းဂီတစ်ယောက်မဂ်လာဆောင်ဓာတ်ပုံလေးကိုကိုင်ပြီး အသံတိတ်ငိုနေမိသည်။ဦးကိုသူချစ်လွန်းလို့ ခုနကမြင်ကွင်းအားဘယ်လိုမှလက်သင့်ခံလို့မရပါ။ဒါ့အပြင် ဦးကသူ့ပါးကိုရိုက်ခဲ့တော့ရင်တွေရော၊နှလုံးသားတစ်ခုလုံးနာကျင်လိုက်ရတာ။သူ့ရဲ့အချစ်ဦးက ဦးဖြစ်ခဲ့လို့ဘယ်အရာနဲ့မှနှိုင်းပြလို့မရအောင်ပင်ချစ်ခဲ့မိသည်။သူခွင့်လွှတ်ပေးသင့်လိုက်လား??။ဖြစ်သမျှကိုဘာမှမမြင်ခဲ့သလို၊ဘာမှမဖြစ်ခဲ့သလို ခွင့်လွှတ်ပေးလိုက်သင့်လား??။

[ ဒုတိယမြောက်ခင်ပွန်း ]#complected#Where stories live. Discover now