Yellow Is The Warmest Colour ²⁹

2.3K 135 30
                                    

Unicode
________

လွတ်လွတ်လပ်လပ်စကား​ပြောနိုင်​ဖို့အတွက်
အ​ပေါ်ထပ်ကအလုပ်ရုံးခန်းဆီကို
Jennie နဲ့အတူ Lisa ​ရောက်လာခဲ့ကြတယ် ။
အထဲ​ရောက်​တော့
ဆိုဖာ​ပေါ်မှာထိုင်နှင့်​နေပြီဖြစ်တဲ့ Jennie ရဲ့အ​ရှေ့မှာ
Lisa မျက်နှာချင်းဆိုင်ထိုင်ရင်း
နှစ်​ယောက်ထဲသီးသန့်​ပြောချင်တယ်ဆိုတဲ့
သူမရဲ့​ပြောလာမယ့်စကား​တွေကို Lisa ​စောင့်​နေတာဟာ
အခုဆိုရင်ဖြင့် နာရီဝက်နီးပါး​လောက်​တောင်ရှိ​​သွားပါပြီ ။

အ​စောတုန်းက Lisa ကို စီနီယာ​ပြောခဲ့သလိုမျိုး
' မချစ်လို့အကြိမ်ကြိမ်အခါခါရက်စက်သွားခဲ့တာ
ဘာ​တွေများထပ်​မျှော်လင့်ချင်​နေ​သေးတာလဲ '
ဆိုတဲ့စကားအတိုင်းပါပဲ ။
မကြာခင်ပြို​တော့မယ့်မိုးလိုမျက်နှာနဲ့ Lisa ဟာ
သူမရဲ့ နဲနဲ​လောက်​ ကောင်း​ပေးသလိုပုံစံမျိုးကို
စကြဝဠာကြီး​လောက်​အထိ​တောင်မျှော်လင့်တတ်တဲ့
အကျင့်ဆိုး​လေးလည်းရှိပါ​​သေး၏ ။

" ဒီကိုလာတဲ့လမ်းတစ်​လျှောက်လုံး​
​လေယာဥ်ပေါ်မှာ​ရော ၊ ကား​ပေါ်မှာ​ရော
Lisa ကို​ ပြောဖို့အတွက်ဆိုပြီး​
စကားလုံးတစ်လုံးချင်းစီတိုင်းကို
J သေ​သေချာချာပြင်ဆင်ခဲ့​သေးတာ "

နာရီဝက်​လောက်အထိတိတ်ဆိတ်​နေခဲ့တဲ့သူမရဲ့နှုတ်က​နေ
ပထမဦးဆုံး​ကြားလိုက်ရတဲ့ ထိုစကား​လေးတစ်ခွန်း​ကြောင့်
Lisa ရဲ့ မျက်နှာထက်မှာ
အပြုံးအကြီးကြီးတစ်ခုဖြစ်​ပေါ်လာခဲ့တယ် ။

" ​ဒါ​ပေမဲ့ ... "

ရုတ်တရက်

ကြေကွဲဝမ်းနည်းစရာ​ကောင်းတဲ့အီမိုဂျီ​လေး​တွေဟာ
မိမိရဲ့​ဘေးပတ်ပတ်လည်မှာဝဲပျံ​လာသောအခါ ... ၊
မျှော်လင့်မိရင်မှားမှာ​ပေါ့ဆိုတဲ့ပုံ​သေနည်းဟာ
မိမိတို့နှစ်​ယောက်ကြားက
နှလုံးသားပုစ္ဆာ​တွေကိုဖြေရှင်းဖို့အတွက်
ပုံမှန်အသုံးပြု​နေရ​သောအခါ ... ၊
ဒီနှလုံးသားဇာတ်လမ်း​လေးမှာ
ဇာတ်သိမ်းဟာ
သူမတစ်​ယောက်တည်းကပဲဆုံးဖြတ်ပိုင်ခွင့်ရှိ​သောအခါ ... ၊

မိမိတတ်စွမ်းနိုင်တာဟာ
နှုတ်ဆိတ်​နေဖို့နဲ့ သူမ​ပြောသမျှကိုလက်ခံ​နားလည်ပေးဖို့ပါပဲ ။

You've reached the end of published parts.

⏰ Last updated: Nov 18, 2022 ⏰

Add this story to your Library to get notified about new parts!

Yellow Is The Warmest Colour💛(Ongoing)Where stories live. Discover now