Yellow Is The Warmest Colour ¹¹

1.7K 207 41
                                    

Unicode
------------











လက်ထဲမှာ ကိုင်ထားတဲ့ အရက်ခွက် က
ဘယ်နှခွက်​မြောက်လဲဆိုတာ Lisa မသိ​တော့ဘူး
အာရုံ​တွေက မလှမ်းမကမ်းမှာ ထိုင်​နေတဲ့
Jennie ဆီမှာသာ ​ရောက်​နေခဲ့တာ​​​ကြောင့်ပဲ ၊

Bam နဲ့ တရင်းတနှီး စကား​တွေ​ပြော​နေတဲ့
သူမ​ဟာ အ​တော်​လေး​ပျော်ရွှင်​နေပြီး ရယ်လို့​မောလို့ ။





" သူ ဘယ်တုန်းက Gay ဖြစ်တာလဲ ? "





Lisa နဲ့ တက္ကသိုလ်မှာ ရင်းနှီးခဲ့ပြီး
ပထမဆုံး ရည်းစားဦးဖြစ်တဲ့ စီနီယာ
Seulgi က ရုတ်တရက် ​​မေးလာတယ် ။

အ​စောက အထိ ​ဘေးမှာ တိတ်ဆိတ်နေကြတဲ့
Jisoo နဲ့ Chaeyoung တို့ အပါအဝင်
သူငယ်ချင်း​တွေ အားလုံးက Lisa ကို အကဲခတ်​နေကြမှန်း
ရိပ်မိ​ပေမယ့် သူတို့ကို ဂရုမစိုက်နိုင်ခဲ့ဘူး ၊
အခု စီနီယာ ရဲ့ ​မေးခွန်းဟာ Lisa ရဲ့ အ​ဖြေကို
​မျှော်လင့်​နေမှန်း သိ​ပေမယ့်လည်း ဘားမှ မ​ဖြေမိပြန်ဘူး ။

Jennie ဆီမှာပဲ စိတ်​ရောက်နေပြီး​တော့
ဒီ​မေးခွန်းအတွက် Lisa မှာ အ​​ဖြေ မရှိဘူး​လေ ။





" Lisa နဲ့ ချစ်သူ​တွေ ဖြစ်​တော့မှ
သူ Gay သွားတာ ထင်တယ် unnie ! "





Chaeyoung က ဝင်​ဖြေတယ် ၊

အမှန်ဆို ဒီ​မေးခွန်းကို ဘာအတွက်
​မေးပြီး ဘာ​​​ကြောင့် ​ဖြေဖို့ လိုအပ်တာလဲ ၊
စိတ်ထဲမှာ ဘဝင်မကျ​ပေမယ့်
Lisa လျစ်လျူရှုပြီး​တော့ လက်ထဲက အရက်ကို
​တစ်ခါတည်း အကုန် ​​မော့​သောက်လိုက်သည် ။

​Chaeyoung နဲ့ Jisoo တို့ဆီက​နေ
စိတ်ပျက်သလိုမျိုး ​ခေါင်းခါပြီး သက်ပြင်းချသံ​တွေဟာ
​သိသိသာသာ ထွက်လာတာမို့ လှမ်းကြည့်လိုက်​တော့
Lisa ရဲ့ ​ပေါင်​ပေါ်ကို လက်တင်လာတဲ့
​စီနီယာ​ကြောင့် ​အကြည့်​တွေက ​ဘေးကို​ရောက်သွားတယ် ။





" သိတယ်မှတ်လား ?
ငါတို့လိုလူမျိုး​တွေက အချစ်​ရေးမှာ
သာမန်လူ​တွေထက်ပိုပြီး ခက်ခဲ ...




" ဘာလို့ Lisa ရဲ့ အချစ်​ရေးကိစ္စကို
unnie တို့က ဝင်စွက်ဖက်​နေရတာလဲ ?
​ကျေးဇူးပြုပြီး လွှတ်ထား​ပေးပါ ၊
အဆင်​ပြေ​နေတာမို့ ဘယ်သူမှ ဝင်မပါကြပါနဲ့ "





Yellow Is The Warmest Colour💛(Ongoing)Where stories live. Discover now