Yellow Is The Warmest Colour ¹⁹

1.4K 211 45
                                    

Unicode
_________

" အခုမင်းက ငါ့ကို ချိန်း​ခြောက်​နေတာလား? "

" ကျွန်​တော်​တောင်းဆို​နေတာပါ
ဒါ​ပေမယ့် ချိန်း​ခြောက်တဲ့အ​ခြေအ​နေကိုလည်း
ရောက်ချင်ရောက်သွားနိုင်ပါတယ် "

စာကြည့်ခန်းထဲမှာ စကား​ပြော​နေကြတဲ့
Mrs.Kim နဲ့ Bam တို့ရဲ့ အ​ခြေအ​နေက
အ​တော်​လေး တင်းမာလွန်းနေတယ် ။

Jennie က ​​ကိုယ်ဝန်အတွက်
ဆေးရုံရက်ချိန်းသွားရပြီး​တော့ Mrs.Kim ရဲ့
​အမျိုးသားက အလုပ်သွားရတယ် ။

​ဆေးစစ်ချက်အ​​ဖြေသွားယူရမှာမို့ company ကို
အ​စောကြီးသွားရတဲ့ Bam က ​​နေ့လည်ခင်း​လောက်မှာ
အိမ်ကို ခပ်​စော​စောပြန်​ရောက်လာခဲ့သည် ။

ပြန်​ရောက်​ရောက်ချင်း Mrs.Kim နဲ့ Bam တို့
စာကြည့်ခန်းထဲမှာ စကား​အေး​ဆေး​ပြော​နေရာက​နေ
ခဏအကြာမှာ ဒီအ​ခြေအ​နေကို​ရောက်လာခဲ့တာပဲ ။

" ကျွန်​တော်​ပြောသလိုဆို ပိုမ​ကောင်းသွားဘူးလား?
​ကျေးဇူးပြုပြီး အခု​တောင်းဆို​နေတာကို သ​ဘောတူ​ပေးပါ "

" မင်းက သိပ်​ကြောက်စရာ​ကောင်းတာပဲ
​ကောင်းပြီ​လေ ငါက ဘာတတ်နိုင်မှာမို့လဲ?
မင်း​ပြောတဲ့အတိုင်း သ​ဘောတူ​ပေးရမှာ​ပေါ့ "

နှုတ်ခမ်းတစ်ဖက်တည်းတွန့်​ကွေး​နေ​အောင်
ပြုံးလိုက်တဲ့ Bam က လုံးဝကို ပျော်ရွှင်​နေခဲ့တယ် ။

~~~~~~~~~~~~~~~~~~~~~~~~~~~~

တစ်စုံတစ်​ယောက်က Lisa ရဲ့ နေ့စဥ်ဘဝထဲကို
တွန့်ဆုတ်ခြင်းမရှိ တ​ဖြေး​ဖြေး တိုးဝင်လာခဲ့တယ် ။

​နေ့စဥ်​နေ့တိုင်း မိမိအတွက် မနက်စာကို
မနက် ၅ နာရီ​လောက်ကတည်းက ဆိုင်မှာသွား​စောင့်ရင်း
ဝယ်လာ​ပေးတတ်တဲ့ သူမ​​ကြောင့် မနက်ခင်းတိုင်းကို
သူမနဲ့အတူ ယှဥ်တွဲပြီး သတိထားမိတတ်​နေပြီ ။

အနားမှာ အမြဲကပ်တွယ်ရင်း ဟာသ​တွေ​ပြောတတ်တဲ့
သူမ​ကြောင့် Lisa မကြာခဏ ရယ်​မောတတ်လာခဲ့သည် ။

ဒီ​​​နေ့က Sunday ... Bar ကို သူမ လာ​နေကျ​နေ့ ။

" Chaeyoung ya ... "

Yellow Is The Warmest Colour💛(Ongoing)Where stories live. Discover now